ဟမ်ဘာဂါကို ဘယ်သူတီထွင်ခဲ့တာလဲ?

//s9.kh1.co/ad/ada99d1532ea11a7922587f61dbd0c7b6e12a383.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

လူကြိုက်အများဆုံးအဆာပြေမုန့် ဟမ်ဘာဂါရဲ့ဖြစ်ပေါ်လာပုံ

လက်ရှိကမ္ဘာပေါ်မှာလူကြိုက်အများဆုံးနှင့် အလွယ်တကူရရှိနိုင်တဲ့ အဆာပြေစားစရာတွေမှာ အသားအရွက်တွေနှင့် ပေါင်မုန့်တွေပါဝင်တဲ့ဟမ်ဘာဂါပဲဖြစ်ပါတယ်။ ပေါင်မုန့်ချပ်နှစ်ခုကြားက အသားလွှာ‌နှင့် ကြက်သွန်နီ၊ အသီးအရွက်တွေအပြည့်အသိပ်ထည့်ထားတဲ့ ဟမ်ဘာဂါဟာအာဟာရပြည့်ဝသလို လွယ်ကူလျင်မြန်စွာရရှိနိုင်တဲ့ အစားအစာတစ်မျိူးပါ။

https://s9.kh1.co/__image/w=650,h=419,q=100/2a/2aaedf023110c4c44a680e3625ae62586e202d75.jpg

သမိုင်းမှတ်တမ်းတွေအရ Louis Lassen ဆိုတဲ့သူက ဒီဟမ်ဘာဂါကို သူ့ဆိုင်ရဲ့ အမြန်စားစရာတစ်ခုအနေနှင့် ဖန်တီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိ Louis Lassen ရဲ့သားမြေးတွေက ဆိုင်ကိုဆက်ဖွင့်နေတုန်းပါပဲ။ ဒီဆိုင်မှာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက ဘာဂါကိုစားသုံးလို့ရတဲ့အပြင် တစ်ခြားဘာဂါအမျိူးအစားအများကြီးလည်းရှိပါတယ်။ 

https://s9.kh1.co/__image/w=456,h=273,q=100/23/23a7e5e1d49a30f93f9634082e0cd61c34b36894.webp

ဒါပေမဲ့ ဒီဘာဂါ‌ရဲ့သမိုင်းမှတ်တမ်းကရှင်းလင်းလှတာတော့မဟုတ်ပါဘူး။ ဘာဂါကိုဖန်တီးခဲ့တယ်ဆိုတဲ့ လူတွေအများကြီးထပ်ရှိနေပါသေးတယ်။ ဒါကြောင့် Hamburger America ဆိုတဲ့ပ်ရှင်ကိုရိုက်ခဲ့တဲ့ George Motz က ဘာဂါကိုတစ်ချိန်တည်းမှာနေရာအနှံ့အပြားမှာမတူညီတဲ့နည်းလမ်းတွေနှင့် လူအများကြီးကပြုလုပ်ထားတာဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်။ ဒီလိုကနေမှ ဘာဂါဟာကမ္ဘာအနှံ့ကိုလျင်လျင်မြန်မြန်ရောက်သွားတာဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=346,h=275,q=100/8f/8f59c8e8c559a18b2132511a6dab23224fd1c56a.jpg

ဒါကြောင့် ဒီဖန်တီးရှင်အစစ်ကိုတော့ တစ်ထစ်ချယူဆဖို့ခက်ခဲတဲ့အပြင် Louis Lassen ကိုပဲ  Library of Congress ကနေပြီးတော့ဖန်တီးရှင်အဖြစ်သတ်မှတ်ထားပါတယ်။ 

https://s9.kh1.co/__image/w=650,h=419,q=100/2a/2aaedf023110c4c44a680e3625ae62586e202d75.jpg

သတင်း အရင်းအမြစ် abcnews.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T