၁၈၉၃ မှာရေးဆွဲခဲ့တဲ့ Edvard Munch ရဲ့ The Scream ဆိုတဲ့ပန်းချီကားဟာ အခုထက်ထိလူတွေကြားနာမည်ကျော်ပြီး အဓိပ္ပါယ်အမျိူးမျိူးကောက်ယူနေကြတဲ့ပန်းချီကားတစ်ခုပါ။ ပန်းချီကားဟာ တံတားပေါ်က မျက်နှာစောင်းကြီးနှင့်လူတစ်ဦးရဲ့အနီးကပ်ပုံဖြစ်ပြီး နောက်ဖက်မှာလမ်းလျှောက်နေတဲ့လူ တစ်ချိူ့ရှိပါတယ်။

ဒါပေမဲ့ ဒီပန်းချီကားရဲ့အရောင်သုံးစွဲပုံနှင့် အလင်းအမှောင်ချထားပုံ ပန်းချီဆရာရဲ့စုတ်ချက်တွေက ကြည့်မိသူတိုင်းကို စိတ်မသက်မသာဖြစ်အောင်လုပ်နိုင်ပါတယ်။ ပန်းချီထဲမှာအဓိကပါတဲ့လူရဲ့ တွန့်လိမ်နေတဲ့မျက်နှာ၊ ပြူးကျယ်နေတဲ့မျက်လုံးတွေနှင့် ပွင့်နေတဲ့ပါးစပ်တွေက ပန်းချီကားရဲ့နာမည်ဖြစ်တဲ့ အော်ဟစ်သံ ဆိုတဲ့နာမည်နှင့်လိုက်ဖက်လွန်းပါတယ်။



ပန်းချီကားကိုထူးဆန်းသွားစေတဲ့အချက်ကတော့ ဒီပန်းချီကားဟာဘာကိုမှ တိတိကျကျညွှန်းဆိုထားတာမရှိသလို ဘာကိုမှလည်းသေချာမဖော်ပြထားပါဘူး။ ပန်းချီကားကိုတွန့်လိမ်နေတဲ့ စုတ်ချက်တွေ တောက်ပတဲ့အရောင်တွေနှင့်အဓိကဖန်တီးထားပြီး ကြည့်မိသူတွေကိုတကယ်ကိုမွန်းကြပ်တဲ့ခံစားချက်ဖြစ်စေနိုင်ပါတယ်။

ပန်းချီဝေဖန်သူတွေကတော့ ဒီပန်းချီဟာရှုပ်ထွေးနေတဲ့ အခုခေတ်ကိုသေချာရောင်ပြန်ဟပ်ဖော်ပြနိုင်တယ်လို့ပြောကြပါတယ်။ မွန်းကြပ်စရာကောင်းတဲ့ ဘဝကိုအကောင်းဆုံးဖော်ပြနိုင်တယ်လို့လည်းယူဆကြပါတယ်။ တစ်ချိူ့တွေကတော့ ဒီပန်းချီဟာရေးဆွဲသူ Edvard Munch ရဲ့စိတ်ဒဏ်ရာတွေ ပင်ပန်းမှုတွေကြောင့် ဒီလိုပုံဖြစ်လာရတာလို့လည်းခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ပန်းချီရေးဆွဲခဲ့တဲ့ Edvard ကတော့ဒီပန်းချီဟာ သဘာဝထဲကမပြီးဆုံးနိုင်တဲ့အော်သံ ကိုကိုယ်စားပြုရေးဆွဲထားတယ်လို့ပြောခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ www.art-wine.com