ကျီးကန်းတွေဆိုတာ ကျွန်တော်တို့အိမ်ပတ်ဝန်းကျင်နီးနီးနားနားမှာအမြဲတွေ့နိုင်တဲ့အကောင်တွေပါ။ ဒီအကောင်တွေဟာလူတွေထင်ထားတာထက်အများကြီးဉာဏ်ထက်တဲ့အကောင်တွေပါ။ ပထမဆုံးအနေနှင့် ကျီးကန်းတွေဟာ ဘယ်အခြေအနေမှာဖြစ်ဖြစ်အစာရအောင်ရှာနိုင်ကြပါတယ်။ သူတို့ဟာမြင်တွေ့နေကျလူတွေကိုမှတ်မိတဲ့အပြင် သူတို့ကိုအစာကျွေးနေကျသူတွေအန္တရာယ်ရှိတယ်လို့ထင်ရင်ကာကွယ်ပေးတတ်ကြပါသေးတယ်၊


ဒီကောင်တွေက အသိုက်တွေဆောက်တဲ့အခါမှာဆိုလည်းရိုးရိုးအရွက်အခြောက်တွေနှင့်မဟုတ်ဘဲ ကိုယ်တိုင်ကိရိယာအဖြစ်သစ်ချောင်းတွေသုံးပြီးအပေါက်ဖောက်တာ ကြိုးချည်တာမျိူးတွေလုပ်နိုင်ကြပါတယ်။ တစ်ချိူ့ကလေးတွေမလုပ်တတ်တဲ့ကိစ္စတွေကိုတောင် လုပ်နိုင်စွမ်းရှိတဲ့ငှက်တွေဖြစ်ပါတယ်။ ဒါ့အပြင် ကျီးကန်းတွေဟာ သူတို့အုပ်စုထဲကတစ်ကောင်သေဆုံးသွားရင်ဝမ်းနည်းကြောင်းပြသတတ်တဲ့ငှက်တွေလည်းဖြစ်ပါတယ်။ သေသွားတဲ့အကောင်အနားမှာပတ်လည်ဝိုင်းပြီးအာကြတာမျိူး အဲ့နေရာမှာပဲမိနစ်သုံးဆယ်လောက်နေကြတာမျိူးလုပ်လေ့ရှိပါတယ်။


ကျီးကန်းတွေဟာလူတွေရဲ့မျက်နှာကိုမှတ်မိတဲ့အပြင် သူတို့မှာဘာသာစကားလည်းရှိပါတယ်။ လေ့လာချက်တွေအရ ကျီးကန်းတွေရဲ့အော်သံဟာတစ်သံတည်းထွက်တာမဟုတ်ဘဲကြုံရတဲ့အန္တရာယ်နှင့်အခြေအနေအပေါ်လိုက်ပြီးပြောင်းလဲတတ်တယ်လို့သိရပါတယ်။ တစ်ချိူ့ကတော့ ကျီးကန်းတွေဟာသူတို့သိတဲ့လူတွေအကြောင်းကိုတောင် အချင်းချင်းအတင်းတုပ်တတ်ကြတယ်လို့ပြောကြပါတယ်။

ပြီးတော့ဒီငှက်တွေဟာ အဖော်တစ်ယောက်နှင့်ပဲတစ်ဘဝလုံးဖြတ်သန်းကြတဲ့မျိူးစိတ်ဖြစ်ပါတယ်။ ကျီးကန်းအငယ်တွေဟာဆိုရင် အရွယ်ရောက်သည်အထိအသိုက်မှာပဲနေရပြီး အိမ်ကိုစောင့်ရှောက်ကြရပါတယ်။ ပညာရှင်တွေက ကျီးကန်းတွေဟာဉာဏ်ကောင်းတဲ့အကောင်တွေဖြစ်တာကြောင့် မျိူးသုဥ်းဖို့စိုးရိမ်စရာလုံးဝမလိုတဲ့အကောင်တွေအဖြစ်သတ်မှတ်ထားပါတယ်။

သတင်း အရင်းအမြစ်៖ www.treehugger.com