မြင်းတွေရဲ့ ခွာတွေကိုစွပ်ထားတဲ့ သံခွာတွေရဲ့အသုံးဝင်ပုံများ

//s9.kh1.co/7d/7d831bba671e943eb4c79ba89440242aef07bdd7.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ပြီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

မြင်းတွေဘာလို့သံခွာစွပ်ထားရတာလဲ?

မြင်းတွေရဲ့ ခြေထောက်မှာဝတ်ဆင်ထားတဲ့ သံခွာတွေကိုဘာကြောင့်ဝတ်ထားရတယ်ဆိုတာကိုလူတော်တော်များများမသိကြပါဘူး။ အမှန်တော့ ဒီသံခွာတွေဟာ မြင်းတွေရဲ့လုပ်ဆောင်နိုင်စွမ်းတွေ ကျန်းမာရေးတွေကိုအများကြီးသက်ရောက်နေတဲ့အရာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=621,q=100/16/16db674d2699bc09951d8ac884ab6dd076671648.jpg
https://s9.kh1.co/__image/w=650,h=257,q=100/9b/9b3c3a96f7233735e3f02e1c01b35ff0d2ce1fad.jpg

မြင်းတွေရဲ့ခွာဟာလူတွေရဲ့ခြေသည်းလက်သည်းတွေလိုပဲ တူညီတဲ့အရာတွေနှင့်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ခွာရဲ့အတွင်းပိုင်းမှာအထိမခံနိုင်တဲ့နူးညံ့တဲ့အစိတ်အပိုင်းလေးပါဝင်ပါတယ်။ တကယ်လို့ မြင်းဟာသံခွာမပါဘဲပြေးတာလမ်းလျှောက်တာတွေလုပ်ရင် အဲ့ဒီအစိတ်အပိုင်းလေးက မြေကြီးနှင့်တိုက်ရိုက်ထိသွားပြီး ဒဏ်ရာရတာ အနာဖြစ်တာတွေအလွယ်တကူဖြစ်နိုင်ပါတယ်။ ဒါကြောင့်လူတွေအသုံးပြုနေတဲ့မြင်းတွေကိုဆိုရင် သံခွာတွေမဖြစ်မနေတပ်ပေးရတာဖြစ်ပါတယ်။

ဝိုင်းပြထားတဲ့နေရာက ထိခိုက်လွယ်တဲ့နေရာပါ။
ဝိုင်းပြထားတဲ့နေရာက ထိခိုက်လွယ်တဲ့နေရာပါ။

ဒီသံခွာတွေကလည်းပဲ မြင်းရဲ့ခွာအရွယ်အစားနှင့်ကိုက်ညီဖို့အရေးကြီးပါတယ်။ သံခွာစွပ်ပေးမဲ့သူတွေကအထူးပြုလုပ်ထားတဲ့သံချောင်းကိုသုံးပြီးတော့မြင်းရဲ့ခွာကိုသံခွာထဲဝင်အောင်ရိုက်ထည့်ပေးရတာဖြစ်ပါတယ်။ မြင်းတွေရဲ့ခွာဟာလူတွေရဲ့လက်သည်းတွေနှင့်အတူတူပဲဖြစ်လို့ ဒီလိုရိုက်ထည့်တဲ့အချိန်မှာနာကျင်မှုကိုမခံစားရပါဘူး။ တောထဲမှာနေတဲ့မြင်းတွေကတော့ လူမွေးမြင်းတွေလိုဂရုစိုက်စရာမလိုတဲ့အပြင် အလုပ်တွေပြင်းပြင်းထန်ထန်လုပ်စရာလည်းမလိုတာကြောင့် ဒီလိုသံခွာတွေမရှိလည်းရပါတယ်။ 

သံခွာရိုက်ထည့်နေပုံ
သံခွာရိုက်ထည့်နေပုံ

လူတွေစီးတဲ့မြင်းတွေအနေနှင့်တော့ သံခွာကိုမဖြစ်မနေတပ်ပေးရပြီးတော့ မြင်းရဲ့ခွာအရွယ်အစားလိုက်ပြီး အဆင်ပြေတဲ့ခွာကိုပြောင်းလဲတပ်ဆင်ပေးရပါတယ်။ သံခွာကိုအများအားဖြင့် မာကျောပြီးမြင်းတွေကိုဒဏ်ရာမရစေနိုင်တဲ့ စတီးသံတွေနှင့်လုပ်လေ့ရှိပေမဲ့ ပြိုင်မြင်းတွေအတွက်ဆိုရင်တော့အလူမီနီယမ်သံခွာတွေလည်းလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် မြင်းတွေဒဏ်ရာရတဲ့အချိန်စီးနိုင်မဲ့ အထူးဘွတ်ဖိနပ်လိုမျိူးလည်းရှိပါတယ်။

https://s9.kh1.co/__image/w=538,h=382,q=100/f2/f28d1f1837b4498d517b08226ef1aa1cbdc38ffa.webp
အထူးဖိနပ်တစ်မျိူး
အထူးဖိနပ်တစ်မျိူး
https://s9.kh1.co/__image/w=570,h=323,q=100/3d/3d9e4c3b2be5ad80c4ca3c69bfaaa9ab6b8b21b4.jpg

သတင်း အရင်းအမြစ် mtcreekstable.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T