ဘရာဇီးလ်တောင်ပိုင်းကမ်းခြေနှင့် မိုင်သုံးဆယ်လောက်ပဲဝေးတဲ့ Ilha da Queimada Grande ဆိုတဲ့ကျွန်းကတော့မြွေတွေကိုကြောက်တတ်တယ်ဆိုတဲ့လူတွေအတွက်တော့ လုံးဝအိမ်မက်ဆိုးလိုနေရာမျိူးဖြစ်နေမှာပါ။ ဒီကျွန်းဟာ ဧကတစ်ရာကျော်ပဲကျယ်ဝန်းပေမဲ့ မြွေအကောင်ပေါင်းသုံးထောင်ကျော်ခိုအောင်းနေထိုင်နေတဲ့နေရာဖြစ်ပါတယ်။


ကျွန်းမှာရှိတဲ့မြွေအများစုဟာ golden lancehead လို့ခေါ်တဲ့မြွေပွေးအဆိပ်ပြင်းတစ်မျိူးပါ။ ဒီမြွေရဲ့အဆိပ်ဟာလူတွေရဲ့အသက်ကို သေစေနိုင်တဲ့အထိပြင်းထန်ပါတယ်။ အချိန်မှီဆေးကုသမှုရတယ်ဆိုရင်တောင် လူတွေရဲ့ကိုယ်တွင်းအင်္ဂါတွေကိုပျက်စီးစေတတ်ပါတယ်။ နောက်ပိုင်းမှာ ဒီမြွေတွေရဲ့အဆိပ်ပြင်းအားဟာ ပိုပိုပြီးများလာတာကို လေ့လာချက်တွေအရသိရပါတယ်။

ဒါပေမဲ့ ဒီမြွေတွေဟာ ဒီကျွန်းပေါ်မှာပဲတွေ့နိုင်တဲ့ရှားပါးမျိူးစိတ်လည်းဖြစ်ပါတယ်။ ကျွန်းပေါ်မှာတစ်ခြားအကောင်တွေမရှိသလောက်ဖြစ်နေတာကြောင့် မြွေတွေကကျွန်းပေါ်ကိုခဏလာနားကြတဲ့ငှက်တွေကိုအဓိကဖမ်းယူစားသောက်ကြပါတယ်။ အခုနောက်ပိုင်းတောပြုန်းတာတွေအဖြစ်များလာတောကြောင့်ငှက်ကောင်ရေရှားပါးလာသလို မြွေကျွန်းပေါ်ကမြွေတွေအတွက်အစားအစာလည်းရှားပါးလာပါတယ်။


ဘရာဇီးလ်အစိုးရက ဒီကျွန်းဝင်ခွင့်ကိုမြွေမျိူးစိတ်ကိုကာကွယ်ဖို့နှင့် လူသေမှုမဖြစ်အောင် ပိတ်ထားပြီး စစ်တပ်နှင့်သေချာကြပ်မတ်ပြီးစောင့်ရှောက်ထားပါတယ်။ ဒါ့ကြောင့်အခုချိန်မှာတော့ golden lancehead ရဲ့အဆိပ်ကြောင့်လူသေရတဲ့ကိစ္စတွေမရှိတော့ပါဘူး။ ကျွန်းပေါ်ကိုသုတေသနပညာရှင်တွေကသာ အထူးခွင့်ပြုချက်အမိန့်နှင့်သွားလာခွင့်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့သွားမယ်ဆိုရင်တောင် ဆရာဝန်တစ်ယောက်ကိုပါအတူခေါ်သွားပြီးမှ သွားနိုင်မှာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ a_z animals