လူတွေရဲ့အချစ်တော်အိမ်မွေးတိရိစ္ဆာန်ကြောင်လေးတွေထက်ပိုချစ်ဖို့ကောင်းတဲ့ သဘာဝထဲကတောကြောင်လေးတွေအများကြီးရှိပါတယ်။ ဒီကြောင်လေးတွေကသဘာဝထဲကမလို့ လူတွေမွေးမြူဖို့မသင့်တော်တဲ့အပြင် အမဲလိုက်ခြင်းနှင့် တောပြုန်းတာတွေကြောင့် အကောင်ရေပိုပိုပြီးရှားပါးလာတဲ့ မျိူးစိတ်လေးတွေဖြစ်ပါတယ်။
(၁) Pallas Cat
ကြောင်ချစ်သူတစ်ယောက်သာဆိုရင် ဒီကြောင်လေးကိုမြင်ရင်ချက်ချင်းပဲပွေ့ချီချင်နေမှာပါ။ အမွှေးဖွားဖွားနှင့်ချစ်စရာကောင်းတဲ့ ဒီတောကြောင်လေးဟာသဘာဝထဲမှာပဲ နေထိုင်ပေမဲ့သူရဲ့ meme ပုံတော်တော်များများကို အင်တာနက်ပေါ်မှာတွေ့နိုင်ပါတယ်။ အာရှတိုက်အလယ်ပိုင်းမြက်ခင်းလွင်ပြင်တွေမှာနေထိုင်တဲ့ ဒီကြောင်လေးတွေဟာ အိမ်မွေးကြောင်တွေနှင့်အရွယ်အစားအတူတူပဲဖြစ်ပါတယ်။


(၂) Caracal Cat
ထူးခြားတဲ့နားရွက်ပုံနှင့် ဒီကြောင်လေးတွေဟာအာဖရိကနှင့် အာရှရဲ့မြက်ခင်းပြင်နှင့် ခြုံတောတွေမှာအဓိကကျက်စားကြပါတယ်။ ရွှေအိုရောင်အမွှေးတွေနှင့် တွေဟာသားကောင်ဖမ်းတဲ့နေရာမှာအရမ်းတော်ပြီး သွက်လက်တဲ့မျိူးနွယ်ဖြစ်ကြပါတယ်။ ကောင်းကင်မှာပျံနေတဲ့ငှက်ကိုတောင်မှ အပင်ပေါ်ကနေခုန်အုပ်ပြီးဖမ်းနိုင်တဲ့ကြောင်တွေဖြစ်ပါတယ်။


(၃) Sand Cat
အာဖရိကနှင့်အာရှရဲ့ ကန္တာရတွေမှာကျက်စားကြတဲ့ ဒီကြောင်လေးတွေကတော့ ရှင်သန်နိုင်စွမ်းတော်တော်မြင့်တဲ့ကောင်တွေပါ။ ရေမရှိဘဲအတော်ကြာနေနိုင်ကြတဲ့အပြင် ကန္တာရရဲ့သဲသောင်ပြင်ကြမ်းတမ်းခက်ခဲမှုတွေကိုလည်းကောင်းကောင်းခုခံနိုင်တဲ့ ကြောင်တွေဖြစ်ပါတယ်။


(၄) Serval Cat
ခြေထောက်အရှည်ကြီးတွေနှင့် ဒီကြောင်ကြီးတွေကတော့ အာဖရိကတိုက်မျိူးရင်းတွေဖြစ်ကြပြီး အခုချိန်မှာတော့ ရှားပါးစာရင်းဝင်နေတဲ့ကြောင်တွေဖြစ်ပါတယ်။ ခြေထောက်ရှည်ပေမဲ့ သားကောင်ဖမ်းရာမှာတော့ အရမ်းမသွက်လက်ကြပါဘူး။ အခြားမျိူးနွယ်တွေနှင့်မတူတာက သူတို့ဟာနေ့အချိန်မှာပါအမဲလိုက်နိုင်ကြတာပဲဖြစ်ပါတယ်။


(၅) Leopard Cat
အဝေးကနေကြည့်ရင် ကျားသစ်ပေါက်စလေးလို့ထင်နိုင်တဲ့ ဒီကြောင်လေးတွေကတော့ အာရှတိုက်မှာပဲတွေ့နိုင်တဲ့မျိူးနွယ်ဖြစ်ပါတယ်။ သစ်ပင်တက်တာရော ရေကူးတာပါကျွမ်းကျင်ကြပြီး နယ်မြေအစွဲအလမ်းကြီးကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရှိခဲ့ပေမဲ့ အလွန်အကျွံအမဲလိုက်မှုကြောင့် အခုဆိုရင်အကောင်ရေ အတော်လေးလျော့ကျသွားတဲ့အကောင်ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ www.boredpanda.com





