ဒေါ်လာသောင်းချီတန်ဖိုးရှိတဲ့ ငါးကြီးအန်ဖတ်

//s9.kh1.co/0a/0acacece53f05a207c95e3b3582b5a859387ccf0.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ပြီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရေမွှေးတွေမှာအသုံးပြုကြတဲ့ ငါးကြီးအန်ဖတ်ဆိုတာဘာလဲ? ဘယ်နေရာကနေရတာလဲ?

၂၀၁၅မှာ ငါးကြီးအန်ဖတ်လို့ခေါ်တဲ့ ‌Ambergris နှင့်လုပ်ထားတဲ့ရေမွှေးတစ်မျိုးဟာ ဒေါ်လာတစ်သောင်းကျော်နှင့် လေလံတင်ရောင်းထွက်ခဲ့ပါတယ်။ ငါးကြီးအန်ဖတ်ဆိုလို့ ငါးတွေတိုင်းရဲ့အန်ဖတ်တွေကိုဆိုလိုတာတော့မဟုတ်ပါဘူး။ မြန်မာလိုအလွယ်နည်းနှင့် ငါးကြီးအန်ဖတ်လို့ခေါ်တဲ့ ဒီအရာကို Sperm Whale ဆိုတဲ့ဝေလငါးတစ်မျိူးစီကနေပဲရနိုင်တာဖြစ်ပါတယ်။

Sperm Whale
Sperm Whale
https://s9.kh1.co/__image/w=650,h=341,q=100/bf/bff31d3ce4952e64165013bf79df86c59c938279.jpg

ဒီဝေလငါးတွေက ကင်းမွန်လိုမျိူးအကောင်ကြီးတွေကိုစားတဲ့အခါ အစာမချေနိုင်ကြတော့ အဲ့အစာတွေကိုပြန်အန်ထုတ်ကြပါတယ်။ သူတို့အန်ထုတ်လိုက်တဲ့ အန်ဖတ်တွေမှာ အစာချေရည်နှင့်အခြားသွေးစတို့ဘာတို့ပါပါတယ်။ နဂိုအန်ထုတ်တုန်းက အချွဲအကျိတွေသာဖြစ်ပေမဲ့ လေရေတွေနှင့်ထိတွေ့ပြီး အချိန်ကြာသွားတဲ့အခါမှာတော့ ကျောက်တုံးလိုမျိုူးမာကြောတဲ့ အတုံးကြီးဖြစ်လာပါတယ်။

Ambergris (ငါးကြီးအန်ဖတ်)
Ambergris (ငါးကြီးအန်ဖတ်)

ဒီအန်ဖတ်တုံးကြီးကို ရှေးအီဂျစ်တွေကအမွှေးတုံးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ တစ်ချိူ့ကတော့ စီးကရက်အတွက်အမွှေးနံ့အဖြစ်လည်းအသုံးပြုကြပါတယ်။ ဒါ့အပြင် ရေမွှေးလိုမျိူးအရာတွေဖန်တီးတဲ့နေရာမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြတာကြောင့် တန်ဖိုးများတဲ့အရာတစ်ခုဖြစ်ပါတယ်။ ငါးကြီးအန်ဖတ် တစ်ကီလိုဆိုရင် ဒေါ်လာငါးထောင်အထိရှိပါတယ်။ အမွှေးနံ့နှင့် သက်တမ်းကိုလိုက်ပြီး ဒေါ်လာသိန်းချီတဲ့ငါးကြီးအန်ဖတ်တွေလည်းရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/d5/d5584fb823790d66b89211592b6a3643fcc19671.webp

မြန်မာနိုင်ငံရဲ့ပင်လယ်ဒေသအချိူ့မှာလည်း ဒီငါးကြီးအန်ဖတ်ကိုတွေ့ရပါတယ်။ အရောင်အားဖြင့် မီးခိုးရောင်၊ လက်ဖက်ပုပ်ရောင်နှင့် အနက်ပုပ်ရောင်လိုမျိူးရှိတတ်ပါတယ်။

https://s9.kh1.co/__image/w=261,h=193,q=100/4e/4e1a3c421fb42d183b39caedb94efa6ce22b0ab1.jpg

သတင်း အရင်းအမြစ် worldmystery

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T