ကမ္ဘာပေါ်ကို ဂြိုလ်သားတွေဝင်ရောက်လာတဲ့နေရာလို့ လူပြောများနေတဲ့နေရာ

//s9.kh1.co/55/550d1b84c1704723df7d8f76ce0d925d8d3694e5.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ထူးထူးဆန်းဆန်းပေါ်နေတဲ့ Northern Light ကြားကအဖြူရောင်အလင်းတန်း

ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light ကိုကမ္ဘာတစ်လွှားကလူတွေက သူပေါ်လာတတ်တဲ့နေရာတွေမှာစောင့်ကြည့်ကြတတ်ပါတယ်။ လွန်ခဲ့တဲ့ စနေနေ့ကအမေရိကန် အလက်စကာပြည်နယ်က နေရာတစ်ခုမှာတော့ ဒီအစိမ်းရောင် ဥတ္တရအလင်းတန်းတွေကြားထဲမှာ အဖြူရောင်စက်ဝိုင်းပုံတစ်ခုပေါ်လာခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=400,h=500,q=100/eb/eb0afcf624119dbb10972ce1cfa1864669edd58f.avif

အလင်းတန်းကိုစောင့်ကြည့်နေသူတွေဟာ ဒီအမည်မသိစက်ဝိုင်းကို ဂြိုလ်သားတွေကမ္ဘာမြေပေါ်ကိုဝင်ရောက်လာမဲ့တံခါးပေါက်ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးပြီးထိတ်လန့်ခဲ့ကြပါတယ်။ ဂြိုလ်သားတွေဆိုတာ လူတွေအတွက်ထိတ်လန့်ကြောက်မက်ဖွယ်ရာသတ္တဝါတွေဖြစ်တာကြောင့် ဒီသတင်းဟာလူတော်တော်များများကို ထိတ်လန့်စေခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/43/4320a8bdd6760de9fea9d4b26ec07280faa2dadf.webp

ဒါပေမဲ့ ဒီအလင်းဝန်းဟာလူတွေထင်ထားသလို ဂြိုလ်သားတွေရဲ့ဝင်ပေါက်မဟုတ်ဘဲ သောကြာနေ့ကပစ်လွှတ်ခဲ့တဲ့ Space X ဒုံးကျည်ကြောင့်ဖြစ်ရတာလို့သက်ဆိုင်ရာတွေကနေပြီးသတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒုံးကျည်ထဲကမလိုအပ်တဲ့လောင်စာတွေကို အာကာသထဲပစ်လိုက်တဲ့အခါ ရေခဲဖြစ်သွားပြီး ကမ္ဘာပေါ်ကနေဒီလိုပုံစံမြင်နေရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=376,q=100/77/773b4093a5f9566db2077d4ac46ce3d58d068fb8.jpg

အာကာသရူပဗေဒတွဲဖက်ပါမောက္ခဖြစ်သူ Tom Hampton က ဒုံးကျည်တွေရဲ့စွန့်ပစ်မှုကြောင့် ဒီလိုအဝိုင်းပုံတွေဖြစ်ပေါ်လာခြင်းက အခုမှမဟုတ်ဘဲ အရင်တုန်းကလည်းဖြစ်ဖူးပြီး သူ့အနေနှင့် သုံးကြိမ်လောက်မျက်မြင်တွေ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=580,h=480,q=100/2e/2e00b4f5f7a0bcdfbd2087902f9e72bf72ab1d38.avif

သတင်း အရင်းအမြစ် www.cbc.ca

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T