မြန်မာလို ထန်းတက်မြွေလို့ခေါ်တဲ့ ဒီမြွေမျိူးစိတ်ဟာဆိုရင် တွားသွားသတ္တဝါဖြစ်ပေမဲ့ ပျံသန်းနိုင်တဲ့အစွမ်းရှိပါတယ်။ ဒီမြွေတွေဟာ သစ်ပင်တက်ကျွမ်းကျင်တဲ့မြွေတွေဖြစ်ကြပြီးတော့ အပင်တစ်ပင်ကနေ နောက်တစ်ပင်ကို လေဟုန်စီးပြီးကူးနိုင်ကြပါတယ်။ အပင်ရဲ့အကိုင်းဖျားလေးတွေကနေပြီးတော့ ပေါ့ပေါ့ပါးပါးကူးတတ်ကြတဲ့အပြင် အုန်းပင်လိုမျိူးအကိုင်းမရှိတဲ့အပင်တွေကိုလည်း အေးဆေးတက်နိုင်ကြပါတယ်။


ဒီမြွေမျိူးစိတ်တွေဟာ အဆိပ်ရှိကြပေမဲ့ လူတွေကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ပမာစတော့မရှိပါဘူး။ တစ်ခြားမြွေတွေလိုပဲ ကြွက်၊ ငှက်နှင့် အကောင်ငယ်လေးတွေကိုဖမ်းဆီးစားသောက်ကြပါတယ်။ မြွေမတွေဟာတစ်ခါဥရင် ခြောက်လုံးကနေ ဆယ့်နှစ်လုံးအထိဥကြပါတယ်။ ဥပေါက်စမြွေလေးတွေဟာ လေးလက်မကနေ ငါးလက်မအထိရှိပြီးတော့ သုံးပေလောက်ရှိပြီဆိုရင် အရွယ်ရောက်မြွေတစ်ကောင်ဖြစ်သွားပါတယ်။


အရှေ့တောင်အာရှနှင့် အာရှမှာပဲတွေ့ရတဲ့ ဒီမြွေပျံလေးတွေဟာ လူတွေနှင့်နီးနီးကပ်ကပ်နေရာမှာနေတတ်ကြပါတယ်။ ထန်းပင် အုန်းပင်နှင့် သစ်ပင်တွေရဲ့အမြစ်နှင့်အကိုင်းတွေပေါ်မှာ အများဆုံးနေကြပါတယ်။အကောင်ရေအားဖြင့်တော့ စိုးရိမ်ရတဲ့မြွေမျိူးစိတ်မဟုတ်ပေမဲ့ အခုနောက်ပိုင်းမှာ ဒီမြွေတွေအသတ်ခံရတာပိုပိုများလာပါတယ်။ အကြောက်တရားကြောင့်သတ်ကြတာရယ် တစ်ချိူ့နေရာတွေမှာဆို အစားအသောက်အတွက်သတ်ကြတာဖြစ်လို့ရေရှည်မှာ မြွေအကောင်ရေနည်းပါးလာနိုင်ပါတယ်။


သတင်း အရင်းအမြစ်៖ snakeyouknow.com





