အိန္ဒိယနှင့် သီရိလင်္ကာမှာပဲတွေ့ရတဲ့ ဒီအသေးဆုံးကြောင်မျိူးစိတ်လေးတွေဟာ အကြီးဆုံး ၁၉လက်မ အထိပဲကြီးထွားနိုင်ပါတယ်။ မကြာသေးခင်က နီပေါနိုင်ငံမှာလည်း ဒီကြောင်မျိုးစိတ်တွေကို တွေ့ရတဲ့မှတ်တမ်းတွေရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ကောင်ရေတစ်သောင်းအောက်လျော့နေပြီဖြစ်တဲ့ ဒီမျိူးစိတ်ဟာ မျိူးသုဥ်းအန္တရာယ်ရှိနေတဲ့မျိူးစိတ်လည်းဖြစ်ပါတယ်။


ဖား ငှက်စတဲ့ အကောင်ငယ်တွေကို အဓိကအမဲလိုက်တတ်ကြပြီးတော့ တစ်ခါတစ်ရံ သူတို့ထက်အကောင်ကြီးတဲ့ ကြက် ဘဲလိုအကောင်တွေကိုလည်း အမဲလိုက်တတ်ကြလေ့ရှိပါတယ်။ သူတို့ရဲ့မျက်လုံးဟာ လူတွေထက်ခြောက်ဆလောက် ကောင်းတာမလို့ ညဖက်တွေမှာပါ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။

ဒီမျိူးစိတ်ကအမတွေဟာ တစ်ခါမီးဖွားရင် အကောင်ရေ နှစ်ကောင်လောက်အထိသာအများဆုံးမွေးကြတဲ့အတွက် ကြောင်အကောင်ရေတိုးတက်မှုနှုန်းနှေးပါတယ်။ ပျမ်းမျှသက်တမ်းက ၁၈နှစ်အထိရှိပြီးတော့ လူတွေမွေးမြူတဲ့အကောင်တွေထဲမှာတော့ အသက်၂၀ကျော်ရှိတဲ့ အကောင်တွေလည်းရှိပါတယ်။

လက်ရှိမှာတော့ ဒီကြောင်မျိူးစိတ်တွေဟာ သူတို့ရဲ့နေထိုင်ရာသဘာဝသစ်တောတွေပြုန်းတီးတာ လူတွေရဲ့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အကောင်ရေသိသာစွာလျော့နည်းလာပြီး တရားဥပဒေနှင့်ကာကွယ်ပေးနေရတဲ့ မျိူးစိတ်ဖြစ်ပါတယ်။


သတင်း အရင်းအမြစ်៖ animalia.bio