ကမ်းခြေတွေမှာတွေ့ရတတ်တဲ့ ပဟေဠိဆန်တဲ့အပြာရောင်အကောင်လေးတွေ

//s9.kh1.co/e8/e80e879309432c71bb25d49bbe7366bb55762062.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ပြီ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ထူးဆန်းတဲ့ပုံပန်းနှင့် ကမ်းခြေတွေမှာကျက်စားတတ်ကြတဲ့ ရေတန်းကောင်လေးတွေအကြောင်း

ဒီအပြာရောင် အဝိုင်းကြီးတွေကိုမြန်မာနိုင်ငံအပါအဝင် ကမ်းခြေတော်တော်များများမှာတွေ့နိုင်ပါတယ်။ ဂျယ်လီငါးတွေလို့အလွယ်ခေါ်တတ်ကြတဲ့ ဒီရေတန်းကောင်လေးတွေအကြောင်းကို လူသိပ်မသိပါဘူး။ ဒီအကောင်လေးတွေဟာ Porpita Porpita လို့ခေါ်တဲ့အကောင်လေးတွေပါ။ ဂျယ်လီငါးတွေနှင့်တူသလိုလိုရှိပေမဲ့ ကွာခြားတဲ့အချက်တွေလည်းအများကြီးရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/0e/0ee226a30b1bf6d299525552a4176a591b744713.jpg

ဒီရေတန်းကောင်လေးတွေဟာ အဓိကအစိတ်အပိုင်းနှစ်ခုရှိပြီးတော့ ရွှေဝါရောင်သန်းနေတဲ့ကိုယ်အဝိုင်းနှင့် အပြာရောင်အမျှင်လက်တံလေးတွေပဲဖြစ်ပါတယ်။ ဒီလက်တံလေးတွေက ပင်လယ်ထဲမှာရွေ့လျားဖို့အကူအညီပေးပါတယ်။ များသောအားဖြင့် သူတို့မှာပါးစပ်တစ်ပေါက်ပဲပါပြီးတော့ အဲ့ကနေပဲ အစာစားတာ အညစ်အကြေးစွန့်တာလုပ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/25/259107b87eb113cf606cd3ea9038c18e530631c1.webp

ပြီးတော့ ဒီအကောင်လေးတွေဟာ မွေးတုန်းက လိင်အတိအကျမရှိဘဲ အရွယ်ရောက်လာမှသာ မတူညီတဲ့လိင်တွေအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ပင်လယ်ထဲက အကောင်တွေဆိုပေမဲ့ သူတို့ဟာရေမကူးနိုင်ကြပါဘူး။ ရေစီးကြောင်းကို အလိုက်သင့် နေရင်းပေါ််လောပေါ်် ကြတဲ့အကောင်တွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=487,q=100/96/96e343e89d4841075e5d82eca252b048bef55513.jpg

ဒီမျိူးစိတ်ထဲက အကောင်တွေဟာ တစ်ကောင်နှင့်တစ်ကောင် လုပ်ဆောင်ပုံတွေမတူကြပါဘူး။ ဒါ့အပြင် အဆိပ်မရှိဘူးဆိုပေမဲ့ ဒီအကောင်လေးတွေရဲ့အဆူးတွေဟာ အရေပြားကို ပြင်းပြင်းထန်ထန်ယားယံစေတတ်တာကြောင့် လုံးဝမထိတွေ့သင့်တဲ့အကောင်လေးတွေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=407,q=100/d9/d999f8c17b711d458d80a6625f92f983207a29a8.jpg

သတင်း အရင်းအမြစ် 30a.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T