1889 တုန်းက သမိုင်းပညာရှင်တစ်ယောက်ရဲ့ နေ့စဥ်မှတ်တမ်းထဲမှာရေးမှတ်ခြင်းခံရတဲ့အထိ ထူးခြားတဲ့အသွင်အပြင်ရှိတဲ့ ဒီအင်းဆက်လေးဟာဆိုရင် အရှေ့တောင်အာရှတောအုပ်တွေမှာ အဓိကနေထိုင်ပါတယ်။ အမှတ်တမဲ့ကြည့်ရင် သစ်ခွပန်းနှင့်တူလွန်းတဲ့ ဒီအင်းဆက်ကို သစ်ခွရှိခိုးကောင်လို့လည်းခေ်သလို ပန်းရောင်ရှိခိုးကောင်လို့လည်းခေါ် ပါတယ်။

ဒီရှိခိုးကောင်ရဲ့ ရှေ့ခြေလေးချောင်းဟာ ပွင့်ဖတ်တွေနှင့်တူနေပြီးတော့ အရှေ့ဖက်ကနှစ်ချောင်းကိုတော့ သားကောင်ဖမ်းတဲ့နေရာမှာ အသုံးပြုကြပါတယ်။ ဒီအင်းဆက်မျိုးနွယ်မှာဆိုရင် အထီးတွေဟာ အမတွေရဲ့ တစ်ဝက်လောက်ပဲရှိတဲ့အပြင် အမတွေရဲ့ သားကောင်ဖမ်းစွမ်းရည်ကအစ အထီးတွေထက် အများကြီးသာပါတယ်။ ထူးခြားတဲ့အချက်ကတော့ အမတွေဟာ မိတ်လိုက်တာအောင်မြင်သွားတာနှင့် မိတ်ဖက်အထီးကိုစားလိုက်ကြတာပဲဖြစ်ပါတယ်။

အင်းဆက်အသေးလေးတွေဖြစ်တဲ့ ယင်ကောင်လိုအကောင်တွေကိုစားသုံးကြတဲ့ ဒီရှိခိုးကောင်တွေဟာ သူတို့ထက်ကြီးတဲ့အကောင်တွေကို ဖမ်းနိုင်ရင်တောင်မှ မစားနိုင်ပါဘူး။ အကြောင်းကတော့သူတို့ရဲ့ အစာချေစနစ်ကြောင့်ပဲဖြစ်ပါတယ်။

လှပတဲ့အသွင်အပြင်ကြောင့် ဒီရှိခိုးကောင်တွေဟာ အင်းဆက်မွေးတွေကြားမှာ အတော်လေး နာမည်ကြီးပါတယ်။ ဒါပေမဲ့ ရှားပါးတဲ့အပြင် အကောင်အရေအတွက်ကလည်း နည်းတာကြောင့် အင်းဆက်စျေးကွက်မှာတော်တော်လေးစျေးများတဲ့အကောင်လေးတွေဖြစ်ပါတယ်။ ဒီမျိူးစိတ်ဟာဆိုရင် ပတ်ဝန်းကျင်ကိုမူတည်ပြီး ပန်းရောင်ကနေ အညိုရောင်ကိုလည်းပြောင်းလဲနိုင်ကြပါတယ်။

သတင်း အရင်းအမြစ်៖ wikipedia