ရန်ကုန် ကျောက်တန်းမြို့တွင် ရပ်ဝေးဒေသများကပင် တကူးတက လာရောက်ဖူးမြော်ကြသည့် ဟိန္ဒူဘာသာဘုရားကျောင်းတစ်ခုရှိသည်။ ၁၈၆၀တွင် တည်ထောင်ခဲ့သော ပီလခတ်ဘုရားကျောင်းသည် ဟိန္ဒူဘာသာဝင်များတင်မကဘဲ အခြားဘာသာဝင်များကပါ ဆုတောင်းရန်လာရောက်ကြသည့်နေရာဖြစ်သည်။

ဒီဘုရားကျောင်းဟာမြန်မာနိုင်ငံမှာသက်တမ်းအရင့်ဆုံးနှင့် ပထမဆုံးထီးတင်ပွဲလုပ်ခဲ့တဲ့ ဟိန္ဒူဘုရားကျောင်းဖြစ်ပါတယ်။ ဘုရားကျောင်းမှာဆိုရင် နေ့တိုင်းချစ်တီးထမင်းကို စတုဒီသာကျွေးပါတယ်။ နေ့ခင်း၁၁နာရီလောက်ဆိုရင် ဘုရားကျောင်းရဲ့တောင်ဖက်ဓမ္မာရုံမှာ တစ်နေကုန်ထမင်းကျွေးလေ့ရှိပါတယ်။

ဘုရားကျောင်းဟာ ဆုတောင်းပြည့်တယ်လို့နာမည်ကြီးပါတယ်။ အထူးသဖြင့် ပစ္စည်းပျောက် လူပျောက် ငွေကြေးကိစ္စ နှင့် အမှုအခင်းတွေဆိုရင် အလျင်အမြန်ပြေလည်တတ်တယ်လို့နာမည်ကြီးတာမလို့ နိုင်ငံရပ်ခြားကနေပါ တကူးတကလာရောက်ဆုတောင်းကြလေ့ရှိပါတယ်။

ဘုရားကျောင်းအတွင်းမှာ သားဆုပန်တဲ့နေရာ အမှုတိုင်တန်းတဲ့နေရာ ဆုတောင်းပြည့်ရင် ပြန်ပေးရတဲ့နေရာတွေလည်းရှိပါတယ်။ ယုံကြည်စွာနှင့်ဆုတောင်းပြီး အဓိဌာန်ပြုရင် ဆုတောင်းမှန်သမျှပြည့်ပါတယ်တဲ့။

ဘုရားကျောင်းရဲ့လိပ်စာလေးကတော့ ရန်ကုန် ကျောက်တန်းမြို့ ပီလခတ်ရွာမှာရှိပါတယ်။ YBS ယာဥ်တွေနှင့်လည်း သွားရောက်နိုင်တာမလို့ အရောက်သွားပြီးဆုတောင်းကြည့်ကြပါနော်။
