ကြောင်ချစ်သူတွေအကြားနာမည်ကြီးတဲ့ Burmese Cat

//s9.kh1.co/eb/eb5b876c586bd82d96cec1c9ab2e9c99f3525449.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ပြီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာ့ကြောင်လို့ခေါ်တဲ့ Burmese Cat တွေမြန်မာနိုင်ငံမှာ မျိူးသုဥ်းသွားပြီလား?

ကြောင်ချစ်သူတွေကြားမှာ Burmese ကြောင်လေးတွေဟာ သခင်ကိုလိုက်ကပ်တတ်တာ ချွဲတတ်တာ ဖော်ရွေတတ်တာတွေအတွက်နာမည်ကြီးတဲ့ကြောင်လေးတွေပါ။ မြန်မာ့ကြောင်လို့ ခေါ်နိုင်တဲ့ ဒီကြောင်မျိူးစိတ်ဟာဆိုရင် မြန်မာ့မျိူးရင်းကြောင်မျိူးစိတ်မဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=466,q=100/ed/ed84383211b64e5f0182ebb129c3334eec6a34fb.jpg

အထောက်အထားတွေအရတော့ ၁၉၃၀ တုန်းကသင်္ဘောသားတစ်ယောက်ဟာ ရန်ကုန်မြို့ကနေ Wang Mau လို့ခေါ်တဲ့ကြောင်မလေးတစ်ကောင်ကို အမေရိကကိုခေါ်သွားပြီး အဲ့ကကြောင်မျိူးစိတ်တစ်မျိူးနှင့် သားဖောက်လိုက်ပါတယ်။ သားဖောက်လို့ရလာတဲ့ ကြောင်မျိူးစိတ်အသစ်တွေကို မြန်မာနိုင်ငံကို အသိအမှတ်ပြုတဲ့အနေနှင့် Burmese Cat လို့နာမည်ပေးခဲ့တာပါ။

ကြောင်မလေး Wang Mau
ကြောင်မလေး Wang Mau

ဒီ ကြောင်မလေးကလည်း ဘာမျိူးစိတ်ကမှန်းသေချာတဲ့ အထောက်အထားမသိရပါဘူး။ ဖြစ်နိုင်တာကတော့ လမ်းဘေးကြောင်အမျိူးအစားထဲကတစ်ကောင်ဖြစ်မှာပါ။ ဒါကြောင့် Burmese Cat တွေကမြန်မာ့မျိုးရင်းမဟုတ်တဲ့အပြင် သူ့ရဲ့မျိူးရင်းကိုလည်းတိတိကျကျမသိနိုင်ပါဘူး။ ၁၉၃၀လောက်ကမှစပေါ်လာတဲ့ မျိူးစိတ်ဖြစ်လို့ တိကျတဲ့ မျိူးရင်းလို့ယူဆနိုင်တာမရှိပါဘူး။

https://s9.kh1.co/__image/w=650,h=601,q=100/7e/7e9e757708c6e9fb85a97d8cc6c4fdf2bf4a0783.jpg

လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ကြောင်အများစုထဲမှာ Burmese Cat တွေမပါပါဘူး။ ဒါကမြန်မာမှာ မျိူးသုဥ်းသွားတာ ဘာညာကြောင့်မဟုတ်ဘဲ Burmese Cat တွေကမြန်မာမှာဘယ်တုန်းကမှမရှိခဲ့ဖူးတာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/af/af823c1058a7140f144162f7e05ab57e953c6564.jpg

သတင်း အရင်းအမြစ် thesprucepets

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T