ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံး ငှက်မျိုးစိတ် (၅) မျိုး

//s9.kh1.co/12/12106c1c6532174b25aa4265d9096cd3ee6becf3.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ပြီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်မှာ လူသိများတဲ့ အကြီးဆုံး ငှက်မျိုးစိတ် (၅) မျိုး

ကျွန်တော်တို့ ကမ္ဘာပေါ်မှာ နေထိုင်ကျက်စားတဲ့ ငှက်မျိုးစိတ်ပေါင်းက ၁၀,၇၂၁ ခန့်ရှိပြီး မျိုးစိတ်အားလုံးဟာ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် နေထိုင်ကျက်စားပုံအမျိုးမျိုး ကွဲပြားကြပါတယ်။ ဒီတစ်ခါမှာတော့ အဲ့ဒီငှက်မျိုးစိတ်တွေထဲကနေ လူသိများတဲ့ ကမ္ဘာပေါ်ကအကြီးဆုံး ငှက်မျိုးစိတ် (၅) မျိုးကို ဖော်ပြပေးမှာပါ။

Photo Credit – Form Google
Photo Credit – Form Google

(၁) ငှက်ကုလားအုတ် (Struthio camelus)

ငှက်ကုလားအုတ်များဟာ ကမ္ဘာပေါ်မှာ ပထမ အကြီးဆုံး သက်ရှိငှက်မျိုးစိတ်ဖြစ်ပါတယ်။ အရပ် ၉ ပေ (၂.၇ မီတာ) အထိ ကြီးထွားနိုင်ပြီး အလေးချိန် ပေါင် ၃၂၀ (၁၄၅ ကီလိုဂရမ်) အထိရှိပါတယ်။ ငှက်မျိုးစိတ်ဆိုပေမယ့် အခြားမျိုးစိတ်တွေလို ပျံသန်းနိုင်ခြင်းတော့မရှိပါဘူး။ အများသောအားဖြင့် ငှက်ကုလားအုတ်များဟာ အာဖရိကတိုက်မှာ နေထိုင်ကြပါတယ်။

Photo Credit – Form Google
Photo Credit – Form Google

(၂) တောင်ပိုင်း ကတ်ဆော့ဝရီ (Casuarius casuarius)

 တောင်ပိုင်း ကက်ဆော့ဝရီဟာ သြစတြေးလျ၊ နယူးဂီနီနှင့် အနီးနားရှိ ကျွန်းစုများမှ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ်ဖြစ်ပါတယ်။ ဒီငှက်တွေရဲ့  အရပ်က ၆.၆ ပေ (၂ မီတာ) အထိ ကြီးထွားနိုင်ပြီး အလေးချိန် ၁၃၀ ပေါင် (၅၉ ကီလိုဂရမ်) အထိရှိကြပါတယ်။

Photo Credit – Form Google
Photo Credit – Form Google

(၃) အီးလ်မျူး (Dromaius novaehollandiae)

အီးလ်မျူးငှက်များဟာ ငှက်ကုလားအုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး ငှက်မျိုးစိတ်ဖြစ်ပါတယ်။ အရပ် ၆.၂ ပေ (၁.၉ မီတာ) အထိ ကြီးထွားနိုင်ပြီး အလေးချိန် ၁၂၁ ပေါင် (၅၅ ကီလိုဂရမ်) အထိရှိပါတယ်။ ဒီမျိုးစိတ်တွေကိုတော့ ဩစတေးလျမှာ အများဆုံးတွေ့ရပါတယ်။

Photo Credit – Form Google
Photo Credit – Form Google

(၄) ဧကရာဇ်ပင်ဂွင်း (Aptenodytes forsteri)

ဧကရာဇ်ပင်ဂွင်းများဟာ ငှက်မျိုးနွယ်ဝင်ဖြစ်ပြီး ပင်ဂွင်းတွေထဲမှာတော့ အကြီးဆုံးမျိုးစိတ်ဖြစ်ပါတယ်။ အရပ် ၄ ပေ (၁.၂ မီတာ) အထိ ကြီးထွားနိုင်ပြီး အလေးချိန် ၈၈ ပေါင် (၄၀ ကီလိုဂရမ်) အထိရှိကြပါတယ်။  သူတို့ရဲ့ ဇာတိကတော့ အန္တာတိကတိုက်ပါ။

Photo Credit – Form Google
Photo Credit – Form Google

(၅) ငှက်ကြီးဝံပို (Pelecanus crispus)

ငှက်ကြီးဝံပိုကလည်း ကမ္ဘာပေါ်မှာ အကြီးဆုံးငှက်တွေထဲမှာ တစ်ခုအပါအဝင်ပါ။ အရှည် ၆.၅ ပေ (၂ မီတာ) အထိ ကြီးထွားနိုင်ပြီး အတောင်ပံ ၁၁.၅ ပေ (၃.၅ မီတာ) အထိရှိကြပါတယ်။ မှတ်တမ်းတွေအရဆိုရင် သူတို့ရဲ့ ဇာတိက  ဥရောပနှင့် အာရှတိုက်တို့မှ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီငှက်မျိုးစိတ်အားလုံးဟာ ပုံသဏ္ဍာန်၊အရွယ်အစားအရ ကွဲပြားကြပေမယ့် ကမ္ဘာပေါ်မှာတော့ လူသိများတဲ့ အကြီးဆုံးစာရင်းဝင် ငှက်တွေဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Source – Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T