မြန်မာတွေတန်ဖိုးထားတဲ့ ခြင်္သေ့က မြန်မာနိုင်ငံရဲ့သဘာဝမှာရှိရဲ့လား?

//s9.kh1.co/d0/d0a06f3fa64bc3b1263b4cdbf4ec27d1b7b31db5.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

မြန်မာ့အမှတ်အသား ခြင်္သေ့ (သို့မဟုတ်) မြန်မာတွေတန်ဖိုးထားမြတ်နိုးကြတဲ့ တောရိုင်းတိရိစ္ဆာန်

ခြင်္သေ့ဆိုတဲ့တောဘုရင်တွေဟာ မြန်မာနိုင်ငံမှာဆိုရင် နာမည်တော်တော်ကြီးပြီး အသိအမှတ်ပြုခံရတဲ့ တောရိုင်းသတ္တဝါတစ်ကောင်ပါ။ မြန်မာငွေကျပ်စက္ကူတွေ စေတီဘုရားပုထိုးတွေမှာကအစ ခြင်္သေ့ပုံတွေရိုက်နှိပ်ဖော်ပြထားတာကို တွေ့နိုင်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=280,q=100/dc/dcc5f66a917a1c9dc987c056f1d27624c7fee9e2.jpg
https://s9.kh1.co/__image/w=390,h=280,q=100/cc/cc1cf481145211f70c532ec08b7d4cf940cc9ba7.webp

ဒါပေမဲ့ ဒီခြင်္သေ့တွေဟာ မြန်မာနိုင်ငံရဲ့တောနက်တွေထဲမှာ လုံးဝမရှိဖူးတဲ့အကောင်ပါ။ လေ့လာချက်တွေမရဆို ခြင်္သေ့တွေက မြန်မာ့မြေကိုတစ်ခါမှာမရောက်လာဖူးသလို မြန်မာအပါအဝင် အနီးအနားကအာရှနိုင်ငံတွေမှာလည်းမရှိပါဘူး။ 

https://s9.kh1.co/__image/w=650,h=650,q=100/3b/3ba9959ea8189313c417c1673e372288b0d968e8.webp

အနီးစပ်ဆုံးပြောရရင် အိန္ဒိယကလွဲရင် အာရှရဲ့ဘယ်နေရာမှာမှ ခြင်္သေ့ဟာမရှိခဲ့ဖူးပါဘူး။ အိန္ဒိယက ခြင်္သေ့တွေတောင်မှာ အာဖရိကအရှေ့ပိုင်းနှင့် ဆာဟာရတောထဲက ခြင်္သေ့တွေထဲကနေကူးပြောင်းလာတဲ့ အကောင်တွေပါ။ တကယ့်သဘာဝခြင်္သေ့တွေကိုဆို အာဖရိကတောင်ဖက်ဆာဟာရတောထဲမှာပဲတွေ့နိုင်တော့တာပါ။ 

https://s9.kh1.co/__image/w=650,h=366,q=100/82/82db4180263567e8fc4898452e7939421cc13e3a.avif

နိုင်ငံအများစုမှာတွေ့ရတဲ့ခြင်္သေ့တွေဟာ သဘာဝခြင်္သေ့မဟုတ်ဘဲ လူတွေမွေးပြီးသားဖောက်ထားတဲ့အကောင်တွေပါ။ မြန်မာ့သဘာဝထဲကိုတစ်ခါမှ မရောက်လာဖူးတဲ့ ခြင်္သေ့တွေက ဘာလို့များမြန်မာနိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတာပါလဲ။ ဖြစ်နိုင်တဲ့ အကြောင်းပြချက်ကိုသိတဲ့သူတွေက ဖြေပေးသွားကြပါအုံးနော်။

https://s9.kh1.co/__image/w=624,h=702,q=100/10/10a563efafbe3863f4acd47a55722445efef3f95.jpg

သတင်း အရင်းအမြစ် a-z-animals.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T