ကမ္ဘာကြီးပျက်စီးမဲ့ အချိန်ကိုကြိုတင်သိရှိနိုင်တဲ့ ကပ်ဘေးနာရီ Doomsday Clock

//s9.kh1.co/e1/e1b223a3618da3425c6522430feee8497a0379e4.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ပြီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

Doomsday Clock က ကပ်ဘေးတွေကိုဘယ်လိုတွက်ချက်ပေးတာလဲ?

Doomsday Clock ဆိုတာက ကမ္ဘာကြီးရဲ့ကပ်ဘေးတွေကိုကြိုတင်ခန့်မှန်းတွက်ချက်ပေးတဲ့ လူလုပ်အဏုမြူနာရီတစ်လုံးပါ။ Bulletin of the Atomic Scientist အဖွဲ့တစ်ခုကနေပြီးတော့ ၁၉၄၇မှာ ဖန်တီးထားတဲ့ ဒီနာရီဟာ 11:45 ကနေ 12:00 ထိပါပါတယ်။ နာရီရဲ့အလုပ်လုပ်ပုံကတော့ ကမ္ဘာပျက်ကပ်နီးလေလေ နာရီက 12:00 ကိုရောက်ခါနီးလေလေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/8c/8ca97a3ca406e81657635aeaf439b297383aa2a7.jpg

ဒီနာရီအတွက်ကြေညာချက်ကို နှစ်အစပိုင်းမှာ ပညာရှင်တွေကကြေညာလေ့ရှိပြီးတော့ Midnight လို့ခေါ်တဲ့ 12 နာရီသန်းခေါင်ကိုရောက်ရင် ဒီကမ္ဘာကြီးကလုံးဝပျက်စီးသွားမှာပါ။ တကယ်လို့ ကပ်ဘေးမရှိတဲ့နှစ်ဆိုရင် နာရီကလိုလိုနောက်ဆုတ်သွားမှာပါ။ ကပ်ဘေးရဲ့ဆိုးကျိူးနှင့် အပျက်အစီးတွေကို သိချင်တယ်ဆိုရင် နာရီလက်တံက သန်းခေါင်နှင့်ဘယ်လောက်အကွာရောက်နေတယ်ဆိုတာကို ကြည့်ပြီး သိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/02/028d475f7d6a35a7ab89dc8c780a589f45422c87.avif

နာရီကိုစတင်ပြုလုပ်ခဲ့တဲ့ နှစ်၁၉၄၇ မှာဆိုရင် နာရီဟာ 11:53 မှာရှိနေခဲ့ပါတယ်။ သန်းခေါင်နှင့် ခုနှစ်မိနစ်လောက်ဝေးတာကြောင့် ကပ်ဘေးဆိုးဆိုးရွားရွားမဖြစ်မဲ့နှစ်ပါ။ ဒါပေမဲ့ အဲ့နှစ်မှာ ဂျပန်ကဟီရိုးရှီးမားမြို့ ဗုံးကြဲခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cb/cb79681f19d77ef012ab688e5784a6cb4d33de39.jpg

ကိုဗစ်ကပ်ဘေးဖြစ်ခဲ့တဲ့ ၂၀၂၀မှာဆိုရင် နာရီဟာ သန်းခေါင်ရောက်ဖို့ စက္ကန့်တစ်ရာပဲလိုတော့တဲ့အထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။ လူတွေအများကြီးသေကြေပျက်စီးခဲ့တဲ့အပြင် နိုင်ငံတော်တော်များများပါ ထင်ရှားအောင်မြင်သူတွေ သေဆုံးခဲ့ကြတဲ့နှစ်ပါ။ ဆက်ပြီး ၂၀၂၁ နှင့် ၂၀၂၂ တို့မှာလည်း နာရီဟာ သန်းခေါင်ရောက်ဖို့ စက္ကန့်တစ်ရာပဲလိုနေတုန်းပါ။

၂၀၂၀ အတွက် ကပ်ဘေးနာရီ
၂၀၂၀ အတွက် ကပ်ဘေးနာရီ

လက်ရှိ ၂၀၂၃မှာတော့ နာရီဟာ နောက်မဆုတ်သွားတဲ့အပြင် ဆယ်စက္ကန့်တောင်ရှေ့တိုးလာပါတယ်။  ဇန်နဝါရီလ ၂၄ ရက်နေ့ကကြေညာမှုအရ ၂၀၂၃ အတွက် ကပ်ဘေးနာရီဟာ သန်းခေါင်ရောက်ဖို့ စက္ကန့်ကိုးဆယ်ပဲ လိုတော့တာဖြစ်ပါတယ်။ ဒီစက္ကန့်ကိုးဆယ်ဟာ ကမ္ဘာကြီးရဲ့အသက်ကို ဆုံးဖြတ်ပေးမဲ့စက္ကန့်ကိုးဆယ်လည်းဖြစ်ပါတယ်။

၂၀၂၃ အတွက် ကပ်ဘေးနာရီ 
၂၀၂၃ အတွက် ကပ်ဘေးနာရီ 

သတင်း အရင်းအမြစ် thebulletin.org

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T