ဒီ Lizard တွေဟာ Galápagos ကျွန်းတစ်ခုထဲမှာပဲတွေ့နိုင်တဲ့ တစ်မျိူးတည်းသောရေနေသတ္တဝါ Lizard တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ရှစ်သန်းလောက်တုန်းက ဒီသတ္တဝါတွေဟာလည်း တစ်ခြားအကောင်တွေလိုပဲ ကုန်းနေသတ္တဝါတွေဖြစ်ခဲ့ကြတာပါ။

ကျွန်းပေါ်က မီးတောင်ပေါက်ကွဲမှုတွေကြောင့် အပင်တွေသေဆုံးသွားတဲ့အခါမှာတော့ ဒီမျိူးနွယ်တွေဟာလည်းပဲ ရေအောက်မှာရှင်သန်နိုင်ဖို့ တစ်ဖြေးဖြေးဆင့်ကဲပြောင်းလဲလာကြတာဖြစ်ပါတယ်။ ဒီမျိူးစိတ်တွေဟာ ပင်လယ်ရေအောက်က ရေညှိတွေကိုသာ စားသုံးတတ်ကြပြီးတော့ ရေအောက်မှာနေထိုင်ဖို့အဆင်ပြေစေမဲ့ အမြီးရှည်နှင့် ခိုင်ခံ့တဲ့လက်သည်းရှည်ကြီးတွေရှိပါတယ်။


အရွယ်အစားအနေနှင့် ၅ပေအထိရှည်နိုင်ပြီးတော့ ၂၆ပေါင်အထိကြီးထွားလေ့ရှိပါတယ်။ နေထိုင်တဲ့နေရာဒေသအလိုက် ကွာခြားမှုတွေရှိပေမဲ့ ပျမ်းမျှသက်တမ်းကတော့ ၆၀အထိရှိပါတယ်။ ဒါပေမဲ့ လက်ရှိလေ့လာချက်တွေအရ ၁၂နှစ်အထက်ရောက်တဲ့အကောင်မရှိသေးပါဘူး။

အထီးတွေက ကိုယ့်ပိုင်နက်ကိုကာကွယ်လေ့ရှိကြပြီးတော့ အချင်းချင်းကြားမှာ နယ်ချဲ့ကြတာမျိူးလည်းရှိပါတယ်။ အမတွေက ကျွန်းပေါ်ကမြေကြီးတွေမှာကျင်းတူးပြီး ဥဥလေ့ရှိပါတယ်။ ပင်လယ်ရေမျက်မှာပြင်အနိမ့်အမြင့် နှင့်ရာသီဥတုတွေအပေါ်မူတည်ပြီးတော့ တစ်ခါဥရင် သုံးလုံးကနေ ခြောက်လုံးအထိဥကြလေ့ရှိပါတယ်။


သတင်း အရင်းအမြစ်៖ worldwildlife.org





