2022 တွင်မျိူးစိတ်သစ်အဖြစ်ခွဲထွက်လာသည့် မြန်မာနိုင်ငံ၏တတိယမြောက်မြွေဟောက်မျိူးစိတ်

//s9.kh1.co/d0/d0755b14a3b84874ca87589a96796f29552a2c80.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-ပြီ-၂၀၂၃ ၅pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှတွင်သာ တွေ့ရသေးသော မြန်မာ့မျိူးရင်း Brown Banded Cobra

Nanja  Kaouthia မျိူးစိတ်အောက်ကနေ ခွဲထွက်လာတဲ့ Brown Banded Cobra (Nanja Fuxi) ကို မြန်မာနိုင်ငံရဲ့ တတိယမြောက်မြွေဟောက်အဖြစ် ၂၀၂၂ ဒီဇင်ဘာလတုန်းက ခွဲထုတ်မှတ်တမ်းတင်ခဲ့ပါတယ်။ တင်ပြတဲ့ စာတမ်းတွေအရ မြန်မာနိုင်ငံမြောက်ပိုင်း နှင့်အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ တွေ့ရတယ်လို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=867,q=100/db/dbc369cb6d79fb9d694a7e90dcd493dd01502947.jpg

တရားဝင်ဖော်ပြတာမျိူးမရှိပေမဲ့ ပြင်ဦးလွင်နှင့် မန္တလေးမှာတွေ့ရတယ်ဆိုတဲ့ မှတ်တမ်းတွေလည်းရှိပါတယ်။ အခြားမြွေဟောက်တွေလိုပဲ နေ့ဖက်မှာအစာရှာတတ်ပြီးတော့ ဖားနှင့်အခြားအကောင်ငယ်တွေကို စားပါတယ်။ ပုံပန်းသွင်ပြင်အားဖြင့်တော့ Nanja Kaouthia နှင့်အတူတူနီးပါးပဲဖြစ်ပြီး ခန္တာကိုယ်အလည်ပိုင်းနှင့် အမြီးအရောင်တွေကို ကြည့်ပြီးခွဲခြားနိုင်ပါတယ်။

https://s9.kh1.co/__image/w=150,h=150,q=100/77/775543815eb40b77b7302a618e6c1d3aa6b2a2df.jpg
https://s9.kh1.co/__image/w=150,h=150,q=100/77/7717a0a806094ce2bac46612272bf531e973db25.jpg

ဒီမြွေဟောက်ရဲ့ကိုယ်ထည်ဟာ မီးခိုးရောင်အတွေ့ရများပြီး အဝါရောင်ကွင်းတွေ ရှိတတ်ပါတယ်။ ဒီအဝါရောင်အကွင်းမှာမှ ဘေးနားလေးမှာ အနက်ရောင်လေးကွပ်ထားတတ်ပါတယ်။ ဒါပေမဲ့ တစ်ချိူ့အကောင်ပေါက်တွေဟာ အနက်ရောင်လုံးလုံးဖြစ်နေတတ်တာကြောင့် အကွင်းတွေကို တွေ့ရဖို့ခက်ခဲတတ်ပါတယ်။

https://s9.kh1.co/__image/w=644,h=544,q=100/25/2508f7459aac0fdde9380190594fbb0dca0c8bc9.jpg

ဒီမြွေဟောက်တွေရဲ့ အဆိပ်ကိုတော့ အခုထိသေချာမသိရသေးပါဘူး။ သုတေသနတွေ လေ့လာမှုတွေလုပ်နေဆဲအနေအထားပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=400,h=266,q=100/d0/d0a48f60641674e69aeef1dfcc0fd9ca6f1f49f9.jpg

သတင်း အရင်းအမြစ် en.wikipedia.org

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T