ကုန်းနေမြွေတွေထက် အဆ ၁၀၀ လောက် အဆိပ်ပြင်းတဲ့ ပင်လယ်မြွေ

//s9.kh1.co/49/49c2fbfd132d929d13ca05c1fdd343b8fd1e5c75.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ပြီ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကုန်းနေမြွေတွေထက် အဆ ၁၀၀ လောက် အဆိပ်ပြင်းတဲ့ ပင်လယ်မြွေ

ပင်လယ်မြွေမျိုးစိတ်များစွာ ရှိသည့်အနက် ကုန်းနေမြွေတွေထက် အဆ ၁၀၀ လောက်အဆိပ်ပြင်းတဲ့ မြွေရှိပါတယ်။ အဲ့ဒီမြွေကတော့ Belcher's ပင်လယ်မြွေပါ။ သူတို့ကို Hydrophis belcheri လို့လည်း လူသိများပါတယ်။ အများအားဖြင့် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာရဲ့ အပူပိုင်းရေပြင်များမှာ နေထိုင်ကျက်စားကြပါတယ်။

Photo Source – From Google
Photo Source – From Google
Photo Source – From Google
Photo Source – From Google

 အဆိပ်ပြင်းတဲ့ ဒီပင်လယ်မြွေကို ၁၉ ရာစုအလယ်ပိုင်းမှာ ဗြိတိန်ရေတပ်အရာရှိနှင့် စူးစမ်းရှာဖွေသူ Sir Edward Belcher တို့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်မြွေအများစုဟာ အရှည် ၁.၅ မီတာ (၄.၉ ပေ) အထိလောက်ပဲ ကြီးထွားနိုင်ပေမယ့် Belcher မျိုးစိတ်ကတော့ ၄ မီတာထိ ကြီးထွားကြပါတယ်။

Photo Source – From Google
Photo Source – From Google
Photo Source – From Google
Photo Source – From Google

ရေအောက်မှာ ၈ နာရီမှ ၉ နာရီအထိ နေထိုင်နိုင်ကြပေမယ့် အသက်ရှုဖို့အတွက် ရေပြင်ပေါ်ကိုတက်လာရပါတယ်။ Belcher ရဲ့ပုံသဏ္ဍာန်ကတော့ ကုန်းနေ သံကွင်းစွပ်မြွေတွေနဲ့ တော်တော်လေးတူပါတယ်။ ဒါပေမယ့် ဒီမြွေတွေမှာ ရေကူးခပ်ရာမှာ အထောက်အကူပြုတဲ့ ပြားချပ်ချပ်ပုံစံ အမြီးတစ်ခုပါရှိပါတယ်။ အစာအနေနဲ့ကတော့ အခြားပင်လယ်မြွေတွေလိုပဲ ငါးနှင့် ခရုများကိုပဲ ရှာဖွေကျက်စားကြပါတယ်။ တကယ်လို့ သင်ဟာ ပင်လယ်ထဲရောက်ခဲ့မယ်ဆိုရင် ဒီလို မြွေတွေကို လှတယ်ဆိုပြီး မကိုင်ဖို့၊ ဝေးဝေးက ရှောင်ရှားဖို့ သတိပေးပါရစေ။

Photo Source – From Google
Photo Source – From Google
Photo Source – From Google
Photo Source – From Google

သတင်း အရင်းအမြစ် Source - amazing.zone

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T