ဆင်ကလေးဒမ်ဘို မဟုတ်တဲ့ ရေဘဝဲလေးဒမ်ဘို

//s9.kh1.co/05/05aaaed1a9ff1e4f9b53e7085ccefd9ef58ca524.jpg
ဗဟုသုတအဖြာဖြာ

 ၁၆-ပြီ-၂၀၂၃ ၅pm · လွန်ခဲ့သော ၃ နှစ် က

ပင်လယ်ရေအောက်က ချစ်စရာရေဘဝဲလေးဒမ်ဘို

ဒစ်စနေးကထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ နားရွက်ကားကားနှင့်ချစ်စရာကောင်းတဲ့ဆင်ကလေးဒမ်ဘိုကို လူတိုင်းသိကြ ချစ်ကြပါတယ်။ ဒါပေမဲ့ ပင်လယ်ရေနက်ထဲက ရေဘဝဲလေးဒမ်ဘိုကိုတော့ သိသူရှားပါတယ်။ 

ဒစ်စနေးကားထဲမှ ဆင်ကလေးဒမ်ဘို
ဒစ်စနေးကားထဲမှ ဆင်ကလေးဒမ်ဘို
ပင်လယ်ရေအောက်မှ ရေဘဝဲလေးဒမ်ဘို
ပင်လယ်ရေအောက်မှ ရေဘဝဲလေးဒမ်ဘို

ဒမ်ဘိုလို့ခေါ်တဲ့ဒီရေဘဝဲမျိူးစိတ်လေးဟာဆိုရင် သူရဲ့နားရွက်ကားကားလေးတွေကြောင့် ဒီနာမည်ကိုရခဲ့တာပါ။ ပင်လယ်ရေအောက် ၁၄၀၀၀ အနက်လောက်မှာနေထိုင်ကျက်စားကြတဲ့ ဒီရေဘဝဲလေးတွေဟာ သူတို့ရဲ့ ကြီးမားတဲ့နားရွက်တွေကို ရေကူးဖို့နေရာမှာ အသုံးပြုကြပြီး လက်တံတွေကိုတော့ ပဲ့ထိန်းလိုမျိူးသုံးကြပါတယ်။

https://s9.kh1.co/__image/w=650,h=412,q=100/63/639db690fdf8bb666021f640cffa9e5ec01eeec4.jpg

အခြားရေဘဝဲတွေနှင့်မတူဘဲ ဒမ်ဘိုတွေကတော့ ရန်သူကိုတိုက်ခိုက်နိုင်တဲ့ စွမ်းရည်မရှိကြပါဘူး။ အကြောင်းရင်းကတော့ ပင်လယ်ရေအောက်အနက်ကြီးမှာနေကြတာမလို့ ရန်သူဖြစ်မဲ့အကောင်တွေမရှိတာကြောင့်ပါ။ ဒမ်ဘိုရေဘဝဲအမတွေဟာ သူတို့ဥတွေကို အမြဲတစ်စေသယ်ဆောင်နိုင်ကြပြီးတော့ အဆင်ပြေတဲ့အချိန်ရောက်မှ ပင်လယ်ကြမ်းပြင်မှာ ဥချကြတာပါ။ 

https://s9.kh1.co/__image/w=650,h=264,q=100/ed/edf7f98807c19e24ce90ef210613f4ccba7b8987.jpg

ပင်လယ်ရေအနက်ကြီးဖြစ်တာမလို့ အအေးဒဏ်နှင့် နေရောင်ခြည်မထိတွေ့ရမှုတွေကို ခံနိုင်ရည်ရှိကြတဲ့ ဒမ်ဘိုရေဘဝဲတွေဟာ ပင်လယ်ကြမ်းပြင်က သက်ရှိလေးတွေကိုစားသုံးကြပါတယ်။ အကြီးဆုံးစံချိန်တင်ထားတဲ့ ဒမ်ဘိုရေဘဝဲက ၁.၈မီတာရှည်ပြီးတော့ ၅ကီလိုဂရမ်ကျော်ကျော်လေးပါတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/93/93c1dbe4e04bc408aa135b4e78d8e4a05f4152ce.jpg
https://s9.kh1.co/__image/w=650,h=342,q=100/f1/f1594636e31d5aa4a953a986b96db16b6ea93539.jpg

သတင်း အရင်းအမြစ် oceana.org

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T