ဂျော်ဂျီယာရှိ ရှေးဟောင်းသုတေသနပညာရှင်များဟာ နှစ်ပေါင်း ၁.၈ သန်းရှိတဲ့ သွားတစ်ချောင်းကို အစောပိုင်းလူသားများနေထိုင်တဲ့ နေရာလို ယူဆရတဲ့ နေရာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။


အဆိုပါ သွားကို ဂျော်ဂျီယာနိုင်ငံ မြိုတော် Tbilisi ရဲ့ အနောက်တောင်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ Orozmani ရွာအနီးတစ်ဝိုက်မှာ သွားတွေကို တွေ့ရှိခဲ့တာပါ။ အဲ့ဒီရှာဖွေတွေ့ရှိမှုဟာ ဂျော်ဂျီယာရဲ့ သမိုင်းမှာ အထင်းကြီးစရာတော့ ဖြစ်ခဲ့ပါတယ်။


ဒီသွားပိုင်ရှင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းက အာဖရိကမှ ပြောင်းရွှေ့လာပြီး ဂျော်ဂျီယာမှာ အစောဆုံးအခြေချနေထိုင်ခဲ့တဲ့ လူသားဖြစ်တယ်လို ကျွမ်းကျင်သူများက ယူဆခဲ့ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ အီသီယိုးပီးယားမှာ တွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၂.၈ သန်းခန့် သက်တမ်းရှိတဲ့ ရှေးအကျဆုံး Homo မေးရိုး ကျောက်ဖြစ်ရုပ်ကြွင်းဟာ ဂျော်ဂျီယာမှာ တွေ့ခဲ့တဲ့ သွားနဲ့ မျိုးရိုးဗီဇအရ ဆက်စပ်မှု ရှိနေလိုပါ။ အရင်ကလည်း အဲ့ဒီဒေသမှာ အစောဆုံးလူသားတွေအသုံးပြုခဲ့တဲ့ ကိရိယာတွေအပြင် ရှေးအကျဆုံးအရိုးစုတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ Source - dailyxpresss





