ဝေလငါးအသေတွေအနား ဘာလို့မကပ်သင့်တာလဲ?

//s9.kh1.co/f0/f095d544f479807e51dc3282a2c7c4a67894103c.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-ပြီ-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

ဝေလငါးတွေသေပြီးနောက် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိဖြစ်ရပ်တစ်ခု

ဝေလငါးတွေဟာ အကောင်အရွယ်အစားကြီးမားပြီးတော့ လူတွေကိုအန္တရာယ်မပေးတတ်တဲ့ ချစ်စရာအကောင်လေးတွေအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမဲ့ ဒီဝေလငါးတွေသေဆုံးပြီးတဲ့အခါမှာတော့ မထင်ထားရလောက်အောင် ကြောက်စရာကောင်းတဲ့ အန္တရာယ်ရှိနေပါတယ်။

https://s9.kh1.co/__image/w=500,h=300,q=100/0c/0c4fad5f37495acb96e1edce5862fd21a4a5267c.webp

ဝေလငါးဟာ အရွယ်အစားကြီးမားသလိုပဲ ခန္တာကိုယ်အစိတ်အပိုင်းတွေကလည်းကြီးမားပါတယ်။ သူတို့သေဆုံးပြီးသွားတဲ့အခါ အစာအိမ်နှင့်အခြားကိုယ်တွင်းကလီစာတွေကစတင်ပုတ်သိုးလာပြီးတော့ gasပမာဏအများကြီးထွက်လာပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/4b/4b44ce3346d0c1b44b87fb90c6c5a3243c2d3fae.jpg

အဲ့ဒီ Gas တွေဟာ တော်ရုံနှင့်အပြင်မရောက်နိုင်တော့ ကိုယ်တွင်းမှာပဲ စုပုံပြီး လေအိတ်ထဲမှာ အလိုအလျောက်ရောက်သွားပါတယ်။ ဒီ Gas ပမာဏဟာ လေအိတ်ရဲ့ခံနိုင်ရည်ထက်များသွားပြီဆိုရင် ဝေလငါးပေါက်ကွဲခြင်းဆိုတဲ့ ကြောက်စရာဖြစ်ရပ်ဆိုးကြီးဖြစ်လာမှာပါ။ 

https://s9.kh1.co/__image/w=650,h=343,q=100/42/42c6811779cf8406d7dd8a5e6c79c268d83a4dad.webp

ဝေလငါးရဲ့ အဆီပြင်နှင့် အရေပြားတွေက အတော်အတန် မာကြောတာကြောင့် တော်ရုံပေါက်ကွဲမှုမဖြစ်တတ်ပေမဲ့ ပေါက်ကွဲပြီဆိုရင် အနားပတ်ဝန်းကျင်တော်တော်များများ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဝေလငါးအသေတွေ ကုန်းပေါ်ရောက်လာရင် လက်လွတ်စပယ် အနားသွားတာ အသားတွေဖြတ်တောက်တာမျိူးမလုပ်သင့်ပါဘူး။

၁၉၇၀တွင် သက်ဆိုင်ရာမှ ဝေလငါးသေအားဒိုင်းနမိုက်များဖြင့် ဖောက်ခွဲလိုက်ပုံ
၁၉၇၀တွင် သက်ဆိုင်ရာမှ ဝေလငါးသေအားဒိုင်းနမိုက်များဖြင့် ဖောက်ခွဲလိုက်ပုံ
ဝေလငါးသေ၏ဗိုက်ကိုဖွင့်နေရာမှ ပေါက်ကွဲသွားခြင်း
ဝေလငါးသေ၏ဗိုက်ကိုဖွင့်နေရာမှ ပေါက်ကွဲသွားခြင်း

သတင်း အရင်းအမြစ် www.whalelife.com

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T