နက်ရှိုင်းတဲ့ သမုဒ္ဒရာတွေအောက်မှာပဲ နေထိုင်ကြတဲ့ ပင်လယ်နတ်သမီးများ

//s9.kh1.co/0a/0af313c952dc073eae2550de129dde25b13d24b2.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ပြီ-၂၀၂၃ ၄pm · လွန်ခဲ့သော ၂ နှစ် က

နက်ရှိုင်းတဲ့ သမုဒ္ဒရာတွေအောက်မှာပဲ နေထိုင်ကြတဲ့ ပင်လယ်နတ်သမီးများ

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မကြာခဏဖော်ပြကြတဲ့ အတောင်ပံပါတဲ့ ဒဏ္ဍာရီ နတ်သမီးလေးတွေကို သင်တွေ့ဖူးမယ်လို့ ထင်ပါတယ်။ အဲ့ဒီနတ်သမီးလေးတွေနဲ့ ပုံပန်းသဏ္ဍာန်တူတဲ့ သတ္တဝါမျိုးစိတ်တစ်ခုရှိပါတယ်။ အဲ့ဒါက ပင်လယ်နတ်သမီးလို့ခေါ်ကြတဲ့ မျှော့မျိုးနွယ်ဝင် မျိုးစိတ်ဖြစ်ပါတယ်။ သူတို့ကို အာတိတ်၊ အန္တာတိတ်အပြင် ကမ္ဘာတစ်ဝှမ်းရှိ သမုဒ္ဒရာတွေရဲ့ နက်ရှိုင်းတဲ့နေရာတွေမှာ တွေ့ရနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ပင်လယ်နတ်သမီးများဟာ ပုံမှန်အားဖြင့် အကောင်သေးငယ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်က ဟိုဘက်ဒီဘက်မြင်ရပါတယ်။ အရွယ်ရောက်ပြီးသား အထီးတစ်ကောင်ဆိုရင် အရှည် ၅ စင်တီမီတာအထိ ကြီးထွာနိုင်ပါတယ်။ ပြီးတော့ သူတို့မှာ အတောင်ပံနှင့်တူတဲ့ ရေယက်လည်းပါတာကြောင့် ပင်လယ်ထဲမှာ ကောင်းစွာ ကူးခတ်နိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အစားအသောက်အနေနဲ့ ပင်လယ်နတ်သမီးတွေဟာ ရေမျောများ၊ ရေသတ္တဝါငယ်တွေကို ရှာဖွေစားသောက်ကြပါတယ်။နောက်ထပ် ထူးခြားတာကတော့ ပင်လယ်နတ်သမီးတချို့က ဇီဝအလင်းရောင်ထုတ်လွှတ်နိုင်ကြတာပါ။ ဒါ ကြောင့် မှောင်မိုက်တဲ့ ရေနက်ပိုင်းတွေမှာဆိုရင် သူတို့ကို ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့ မြင်တွေ့ရတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source – Internet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T