အာဖရိကတောင်ဖက်ကမ်းရိုးတန်းဒေသက ဒီဖားလေးတွေဟာဆိုရင် မဲ့ရွဲ့နေပြီး တခြားဖားမျိူးစိတ်တွေထက် ပိုရုပ်ဆိုးတဲ့မျက်နှာရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုရုပ်ဆိုးတာက သူတို့ရဲ့ကြိုးစားမှုတွေကြောင့်ဖြစ်ပါတယ်။

ဒီဖားလေးတွေဟာ အာဖရိကမျိူးရင်းကုန်းနေရေနေသတ္တဝါတွေဖြစ်ပြီး အမြင့်ပေ၃၃၀၀မှာကျင်းတူးပြီးနေကြပါတယ်။ သူတို့ဟာကျင်းတူးပြီးနေတဲ့မျိူးစိတ်ဖြစ်တာကြောင့် အသက်ရှင်ဖို့ရေရှိစရာမလိုပါဘူး။ ပြီးတော့ သူတို့မျက်နှာနှင့်ပဲ ကျင်းတူးရတာဖြစ်လို့ ပိုနက်နက်တူးတဲ့အကောင်တွေက တခြားအကောင်တွေထက် ပိုပြီးမျက်နှာထားဆိုးကြပါတယ်။

ဒီဖားလေးတွေကိုချစ်စနိုးနှင့် Angry Avocado လို့ခေါ်ပါတယ်။ တခြားဖားတွေနှင့်မတူဘဲ သူတို့ကျောပြင်မှာဆိုရင် မိုးရေစက်လိုအဖုလေးတွေပဲရှိပါတယ်။ အရောင်အားဖြင့်တော့ အနက်ရောင်နှင့်မီးခိုးရောင်အတွေ့ရများတဲ့ဖားလေးတွေဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ www.oneearth.org