နက်ရှိုင်းတဲ့ ပင်လယ် သမုဒ္ဒရာထဲမှာ ထူးခြားဆန်းပြားတဲ့ သတ္တဝါတွေနေထိုင်ကျက်စားကြတယ်ဆိုတာ သင်လည်း သိမှာပါ။ ဒီတစ်ခါမှာလည်း အဲ့သလို ထူးခြားဆန်းပြားတဲ့ သတ္တဝါတွေထဲကနေ လူတော်တော်များများ မတွေ့ဖူးတဲ့ Scotoplanes အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

Scotoplanes က ပင်လယ်ဝက်လို့ လူသိများတဲ့ ရေနက်သတ္တဝါဖြစ်ပြီး မျိုးစိတ်ပေါင်းက ၂၀ ကျော်ရှိပါတယ်။ သူတို့ကို အလွန်အေးပြီး ဖိအားမြင့်သည့် သမုဒ္ဒရာ ရေမျက်နှာပြင်အောက် ၃.၇ မိုင် (၆ ကီလိုမီတာ) အနက်မှာ နေထိုင်ကြပြီး ပစိဖိတ်သမုဒ္ဒရာမှာ အများဆုံးတွေ့ရပါတယ်။

Scotoplanes တွေက အရမ်းသေးငယ်တယ်လို့ ထင်ရပေမယ့် များသောအားဖြင့် အရှည် ၄ လက်မ (၁၀ စင်တီမီတာ) ခန့်သာ ကြီးထွားကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ပြောင်ချောပြီး ဖောင်ဖောင်ပွပွလေးဖြစ်လို့ မသိရင် ဂျယ်လီတုံးလေးနဲ့ တူပါတယ်။ အစာအနေနဲ့ ပင်လယ်ထဲက ပုပ်သိုးဆွေးမြေ့နေတဲ့ အော်ဂဲနစ်ဒြပ်တွေကို စုပ်ယူစားသုံးကြပါတယ်။

ဒါကြောင့် သူတို့ကို ဝေလငါးသေကောင်တွေ (သို့) အခြား အသေကောင်တွေရဲ့ ပတ်လည်မှာ အုပ်စုလိုက် မြင်တွေ့ရတာ ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ အောက်ဆီဂျင်နည်းတဲ့ ပတ်ဝန်းကျင်ရောက်တဲ့ အခါမျိုးတွေမှာဆိုရင် ရေကနေ အောက်ဆီဂျင်ကို ထုတ်ယူနိုင်စေတဲ့ အသက်ရှူလမ်းကြောင်း စနစ်တစ်ခုရှိတာဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source- Internet