မိုဟန်ဂျိုဒါရို ဟာ ပါကစ္စတန်နိုင်ငံ ဆင်းခရိုင်မှာ ရှိတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ မြို့ဟောင်းနယ်မြေတစ်ခုပါ။ ဒီမြို့ဟောင်းကို ဘီစီ ၂,၅၀၀ ခန့်က တည်ဆောက်ခဲ့ပြီး ရှေးဟောင်း အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုလောကမှာတော့ အကြီးမားဆုံး အခြေချနေထိုင်ရာ နေရာ တစ်ခုဖြစ်လို့ ကမ္ဘာပေါ်မှာတော့ အစောဆုံးမြို့ကြီးတစ်မြို့ဆိုရင်လည်း မမှားပါဘူး။

မိုဟန်ဂျိုဒါရိုမြို့ဟာ နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်က အိန္ဒိယနိုင်ငံ အနောက်ပိုင်း(ယနေ့ခေတ် ပါကစ္စတန်နိုင်ငံအတွင်း) အိန္ဒူမြစ်ဝှမ်းဒေသမှာ တည်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက ရှေးဟောင်းအီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ မင်နိုအန်း ခရီတီ နှင့် နော်တီချီကို တို့နှင့် ခေတ်ပြိုင် မြို့ပေါ့။

မြို့ထဲမှာတော့ ဘယ်လူမျိုးတွေနေထိုင်ခဲ့တာလဲ မသိရပေမယ့် အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုတွေ နိမ့်ပါးလာပြီးနောက်မှာ မိုဟန်ဂျိုဒါရိုမြို့ကို မြို့သူ၊မြို့သားတွေက ဘီစီ ၁၉ ရာစုမှာ စွန့်ခွာသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် ၁၉၂၀ခုနှစ်များမှာတော့ ရှေးဟောင်းသမိုင်းပညာရှင်များက ပြန်လည် တွေ့ရှိခဲ့ပါတယ်။


မြို့တည်ရှိရာနေရာတွေကို တူးဖော်မှုပြုလုပ်ခဲ့ကြပြီး ၁၉၈၀ ခုနှစ်မှာ ယူနက်စကိုကနေ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သမိုင်းကြောင်း စိတ်ဝင်စားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ အတော်လေး ဆွဲဆောင်ထားရာ နယ်မြေတစ်ခုဖြစ်နေခဲ့ပါပြီ။ အဲ့ဒီနယ်မြေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ရှေးဟောင်းစေတီပုထိုးများစွာရှိတဲ့ ပုဂံလို့နေရာမျိုးတွေပေါ့ဗျာ…။

သတင်း အရင်းအမြစ်៖ Source - wikipedia