သဘာဝတရား၏ပင်ကိုအလှများသည် လူတို့ဖန်တီးထားသော နည်းပညာများဖြင့် လိုက်မမှီနိုင်ကြောင်း ပြသနေသော မြင်ကွင်းများကို အောက်ဖော်ပြပါပုံများတွင် အတိုင်းသားတွေ့နိုင်သည်။
Volcanic Lightning
ဂျပန်နိုင်ငံရှိ မီးတောင်ပေါက်ကွဲချိန်တွင် ရောင်စုံအလင်းရောင်များဖြာထွက်ကာ နှင့်ဖန်တီးထားသကဲ့သို့ ဖြစ်ပေါ်နေသည်။ အနှီအလင်းရောင်များသည် မည်သည့်အကြောင်းကြောင့်ထွက်ပေါ်လာရသည်ကို မသိကြသော်လည်း ကျွမ်းကျင်ပညာရှင်များကမူ မီးတောင်ပေါက်ကကွဲချိန်တွင် မီးတောင်အတွင်းမှ ပူပြင်းသော ကျောက်စိုင်ကျောက်ခဲများနှင့် လေထုတို့ထိမိပြီး အနီရောင်အလင်းတန်းများထွက်လာခြင်းဟု ယေဘုယျကောက်ချက်ချကြသည်။

Bioluminescent Shore
မော်လ်ဒိုက်၏ Vaadhoo ကမ်းခြေတွင်တွေ့ရသော အပြာရောင်လျှပ်စစ်အလင်းစက်လေးများဖြစ်သည်။ ဤအလင်းတန်းများသည် ပင်လယ်အတွင်းမှ သေးငယ်လှသော Phytoplankton ကောင်လေးများကြောင့်ဖြစ်ကာ နတ်သမီးပုံပြင်များကဲ့သို့ တလက်လက်လှပနေရာ ဤအလင်းတန်းများကို ကြည့်ဖို့ရန်အတွက် တကူးတကလာရောက်ကြသူများပင်ရှိသည်၊၊ Bioluminescent ဟုခေါ်သော ဤအလင်းတန်းလေးများသည် Phytoplankton ကောင်လေးများ၏ဇီဝဆိုင်ရာအကာအကွယ်တစ်ခုလည်းဖြစ်သည်။

Mammatus Clouds
အကယ်၍ Mammatus ဟုခေါ်သော တိမ်များကို မြင်ရလျှင် အလွန်ကံကောင်းသည်ဟု ယူဆနိုင်သည်။ တိမ်အများစုသည် လေထုအပေါ်တက်၍ ငွေ့ရည်ဖွဲ့ကာဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ဤတိမ်များသည် လေထုပျောက်ကွယ်မှ ဖြစ်ပေါ်လာကာ မြေပြင်နှင့် ပိုမိုနီးကပ်စွာ ဖြစ်ပေါ်လာကြသည်။ သို့သော် ဤတိမ်များသည် လေပြင်းများ၏ရှေ့ပြေးအမှတ်အသားအဖြစ်လည်း ယူဆနိုင်ရာ အချိန်ကြာမြင့်စွာမကြည့်ရှုသင့်သည့် ရှုမျှော်ခင်းတစ်ခုလည်းဖြစ်ပါသည်။
သတင်း အရင်းအမြစ်៖ sierraclub.org