လူတစ်ယောက်ရဲ့လက်သည်းဟာ ဘယ်လောက်ထိရှည်နိုင်ကြလဲ။ ကမ္ဘာ့ဂင်းနစ်စံချိန်မှာတော့ ၄၂ ပေနဲ့ ၁၀.၄ လက်မထိရှိပါတယ်။ ဟုတ်ပါတယ်၊ အဲ့လောက်ထိကို လက်သည်းဟာ ရှည်နိုင်ပါတယ်။ ဒီစံချိန်ကိုတင်ထားသူကတော့ Diana Armstrong ဆိုသူအမျိုးသမီးပါ။ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ သူမရဲ့ ဒီလက်သည်းအရှည်ကို အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

Diana ဟာ ၁၉၉၇ ခုနှစ်ကတည်းက သူမရဲ့ လက်သည်းတွေကို မညှပ်ခဲ့တာပါ။ ဒီနေ့ထိလည်း သူမ လက်သည်းတွေကို ထပ်မံညှပ်ဖို့ အစီအစဉ်မရှိနေပါဘူး။ သူမဟာ မမျှော်လင့်ဘဲ အသက် ၁၆ နှစ်မှာ ကွယ်လွန်သွားတဲ့ သမီးဖြစ်သူအတွက် လက်သည်းမညှပ်တော့တာပါ။


သူတို့နှစ်ယောက်ဟာ လက်သည်းတွေကို မကြာခဏ အတူတူလုပ်လေ့ရှိတာကြောင့် ဒိုင်ယာနာဟာ သမီးဖြစ်သူရဲ့ မှတ်ဉာဏ်နဲ့ နီးကပ်စေဖို့အတွက် လက်သည်းတွေကို ဘယ်တော့မှ မညှပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ လက်သည်းတစ်ချောင်းကို ဆိုးဖို့အတွက်နဲ့တင် လက်သည်းနီ ၁ ဗူးကျော် အသုံးပြုရပြီး ၅ နာရီခန့်အချိန်ယူရပါတယ်။ ယခင်က ဒီစံချိန်ကို လက်သည်းအရှည် ၂၈ ပေ ၄ လက်မ အထိ အရှည်ရှိတဲ့ Lee Redmond ဟာ ၂၀၀၈ ခုနှစ်တုန်းက တင်ထားခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ်៖ guinness world records





