ပုရစ်ကြော်ကြိုက်တဲ့သူတွေ သိထားဖို့က ပုရစ်ရဲ့ ဗိုက်ထဲမှာ နွယ်ရှင် (Parasite) ကပ်ပါးကောင်တွေ ပါဝင်ပါတယ်။ ဒီအကောင်ဟာ အလွန်သေးငယ်မာကြောပြီး သန်ကောင်လို ရှည်လျားတဲ့ ကပ်ပါး ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် 20 စင်တီမီတာ ကနေ 40 စင်တီမီတာ ခွဲထိ ရှည်ပါတယ်။ သေချာကြည့်ရင် ထိပ်ပိုင်းမှာ အမဲရောင်သမ်းနေတဲ့ ဦးခေါင်လေးကို မြင်ရမှာပါ။

အရွယ်ရောက်ပြီးသား ဒီကောင်လေးတွေကို များသောအားဖြင့် ရေကန်တွေ စမ်းချောင်းငယ်တွေ စတဲ့ စိုစွတ်တဲ့နေရာဒေသတွေမှာ တွေ့ရတတ်တယ်။ ဒီ Nematomorpha ဆိုတဲ့ ကောင်တွေ ဘယ်လို ရှင်သန် ပေါက်ဖွား လဲဆိုတော့ ဥ သန္ဓေ ပိုးလောင်းအဆင့်မှာရှိနေသေးတဲ့ ပိုးဟပ်တွေ ၊ ပုရစ်တွေ၊ နှံကောင်တွေ၊ ဓားခုတ်ကောင် အပေါ် ချွန်ထက်တဲ့သူတို့ရဲ့ဦးခေါင်းကို အသုံးပြုကာ လက်ခံကောင်ရဲ့ ကိုယ်တွင်းကို ဝင်ရောက်သွားတာဖြစ်ပါတယ်။ လက်ခံကောင်တွေဟာ ပိုးလောင်းဘဝ အဆင့်ကနေ ကူးပြောင်းပြီး အင်းဆက်တွေဖြစ်လာခဲ့ချိန်မှာတော့ ကပ်ပါးကောင်ဟာ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေခဲ့ပါပြီ။

ဒီ လက်ခံကောင် အင်းဆက်တွေ ရှာဖွေစားသောက်တဲ့ အစားအစာတွေကနေတဆင့် သူတို့ရဲ့ အဟာရကို ကပ်ပါးကောင်တွေက ရယူစားသုံးကြတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ် ထဲက ကပ်ပါးကောင်ဟာ တဖြည်းဖြည်း ကြီးထွားလာချိန်မှာတော့ လက်ခံကောင်ရဲ့ ခန္ဓာကိုယ်ထဲကနေ အပြင်ကို ထွက်ဖို့ စတင် ကြိုးစားလာ ပါတော့တယ်။

ဒါ့ကြောင့် ပုရစ်ကြော်ကြိုက်နှစ်သက်သူတွေ သတိထားရမဲ့အချက်ပါ။ သူ့ကို ဖမ်းပြီး ရေထဲထည့်ထားရင်ဖြင့် တစ်ရက် နှစ်ရက်ခန့် အသက်ရှင်ပါတယ်။ ဒီအကောင်အခြောက်ကို ဖန်စီလက်စွပ် လက်ကောက် ယက်လုပ်လို့ ရပါတယ်။ ကြာကြာသိမ်းထားချင်ရင်တော့ ကြက်သွေး ထည့်ထားပေးလိုက်ပါ။ သွေးစုတ်တတ်တဲ့ သတ္တဝါ တစ်မျိုးဖြစ်ပါတယ်။ လူကို အန္တရာယ်ပြုနိုင်တာကြောင့် ကြာကြာ သိမ်းဆည်းမထားသင့်ပါဘူး…





