Notodontidae မျိုးနွယ်စုရဲ့ Lobster Moth ဆိုတဲ့ ပိုးဖလံမှာ ကျယ်ပြန့်တဲ့ အပိုင်းအခြားရှိပါတယ်။ သူတို့ဟာ Ob မြစ်နှင့် Baikal ရေကန်ဒေသအတွင်းတည်ရှိတဲ့ အာဖရိကမြောက်ပိုင်းနဲ့ Siberia ရဲ့အချို့ ဒေသတွေကလွဲပြီး Palerctic နယ်ပယ်တစ်ခုလုံးမှာ နေထိုင်ပါတယ်။ သူ့ရဲ့အမည်ခုလိုဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းအရင်းမှာ ပုစွန်တစ်ကောင်နဲ့ အတန်ငယ်တူတဲ့ ထူးဆန်းတဲ့အသွင်အပြင်ကြောင့် ဖြစ်ပါတယ်။

သူတို့ရဲ့ ပထမနှင့် ဒုတိယ အဆင့်မှာ ပိုးလောင်းဟာ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အသွင်အပြင်နှင့် အပြုအမူကို တုပပါတယ်။ သူတို့ရဲ့ ရှည်လျားတဲ့ ခြေတံတွေနဲ့ ရောင်ရမ်းနေတဲ့ စအိုနေရာတို့ဟာ ပုရွက်ဆိတ်နဲ့ ဆင်တူပြီး တိုက်ခိုက်ခံရတဲ့အခါ သို့မဟုတ် နှောင့်ယှက်ခံရတဲ့အခါ အလားတူ ကြမ်းတမ်းတဲ့ လှုပ်ရှားမှုကို ပြသတတ်ပါတယ်။

နောက်ပိုင်းအဆင့်တွေမှာ သူတို့ဟာ ကြီးမားတဲ့ ဦးခေါင်း၊ ရှည်လျားတဲ့ ရင်ခေါင်းဥများ၊ ရောင်ရမ်းနေတဲ့ ပုရွတ်ဆိတ်လို စအိုနှစ်ခု ကြီးထွား ပေါက်ဖွားလာပြီး သူတို့ရဲ့ ကြီးထွားမှုအဆင့် စတုတ္ထအပိုင်းကနေ သတ္တမအပိုင်းအထိ ဖောင်းလာပါတယ်။

ပုံမှန်အရ ပိုးလောင်းဟာ 7 စင်တီမီတာ ရှည်လျားပြီး သူတို့ အနားယူချိန်မှာ ပတ်ဝန်းကျင်နှင့် ဖုံးကွယ်ဖို့ ကူညီပေးတဲ့ နီညိုရောင် ကိုယ်ထည်ရှိပါတယ်။ ပိုးတုံးလုံးအဆင်မှာ သူတို့ဟာ ၂.၅၄ စင်တီမီတာရှိပြီး အညိုရောင်ရှိပါတယ်။






