ကျွန်တော်တို့ လူသားတွေအတွက် စီးပွားရေးရောနှင့် ယဉ်ကျေးမှုရောပါ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ကာလကြာရှည်စွာ ဆက်ဆံရေးရှိတဲ့ တိရစ္ဆာန်ကတော့ ဘဲတွေပါ။ အထူးသဖြင့် ဘဲတွေကို ကျွန်တော်တို့ရဲ့ အိမ်သုံးပစ္စည်း အတွက် အမွေးများ ၊ စားသုံးဖို့အတွက် ဥများနှင့် အသားများအတွက် အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူကြတာ ဖြစ်ပါတယ်။

ဘဲတွေဟာ ကျွန်တော်တို့ လူသားတွေအတွက် အသုံးတော်ခံ ဖြစ်ပေမယ့် တကယ်တော့ စိတ်ဝင်စားစရာ တိရစ္ဆာန်တွေထဲမှာ ပါဝင်ကြပါတယ်။သူတို့ဟာ ရေငှက်မျိုးစိတ်အုပ်စုဖြစ်ပြီး မျိုးကွဲ ငန်းများထက် လည်ပင်းတိုသလို အရွယ်အစားအနေနဲ့လည်း တော်တော်လေးကွာခြားပါတယ်။ ပြီးတော့ အံ့ဩစရာက ဘဲတစ်ကောင်ရဲ့ အမွေးများဟာ ရေစိတ်ခံနိုင်တာကြောင့် ရေအောက်ကို ဆင်းသွားတဲ့ အခါမှာ ခန္ဓာကိုယ်အရေပြားဘေးရှိ အမွေးအောက်ခံအလွာဟာ လုံးဝခြောက်သွေ့နေပါတယ်။

ပြီးတော့ ဘဲမျိုးစိတ်အများစုဟာ မိတ်လိုက်ရာသိမှာ သစ္စာတည်မြဲပေမယ့် တစ်သက်လုံးမဟုတ်ပါဘူး။ အဲ့ဒီအစား ဘဲအမတွေဟာ သူတို့ရဲ့ မျိုးဆက်သစ်လေးတွေ တောက်ပစေဖို့ အကျန်းမာဆုံး ၊ အသန်မာဆုံး ၊ အကောင်းဆုံးဆိုတဲ့ အိမ်ထောင်ဖက်တွေကို ရွေးချယ်ကာ နှစ်စဉ် အဖော်အသစ်များကို ရှာဖွေကြပါတယ်။ သုတေသန မှတ်တမ်းတွေအရ ဘဲများဟာ မျိုးစိတ်ပေါ်မူတည်ပြီး အနှစ် ၂၀ အထိ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သေချာဂရုတစိုက်ခံရတဲ့ ဘဲတွေပဲ နှစ်ကာလ ကြာရှည်စွာ ရှင်သန်နိုင်တာလို့ ယူဆပါတယ်။