ပြင်သစ်ဗိသုကာပညာရှင်နှင့် သမုဒ္ဒရာဗေဒပညာရှင် Jacques Rougerie တို့ ပူးပေါင်း ဒီဇိုင်းရေးဆွဲထားတဲ့ အနာဂတ်ရဲ့ အကြီးမားဆုံး ရေပေါ်မြိုတော်ကြီးကို ထုတ်ပေါ်ပြသလာခဲ့ပါတယ်။ ဒီရေပေါ်မြို့တော်ဟာ ငါးလိပ်ကျောက် ပုံသဏ္ဍာန်နဲ့ ဆင်တူပြီး ရေပေါ်မှာ ထောင်နဲ့ချီတဲ့ လူတွေကို တည်းခိုဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ရေပေါ်မြို့တော်ကို “ Mériens” မြို့တော်လို့ အမည်ပေးထားပြီး ဒီစကားလုံးဟာ သုတေသီပေါင်း ၇,၀၀၀ ကို ရည်ညွှန်းတဲ့ 'mérien' ဆိုတဲ့ စကားလုံးမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဖော်ပြချက်တွေမှာတော့ ရေပေါ်မြို့တော်ကြီး ဟာ အလျား မီတာ ၉၀၀ (ပေ ၃၀၀၀) နှင့်အနံ ၅၀၀ မီတာ (၁၆၀၀ ပေ) ခန့်ရှိတယ်လို့ သိရပါတယ်။
Mériens” မြို့တော်က ပင်လယ်ကို ချစ်တဲ့ သူတွေအတွက်တော့ အတော်လေးကို သဘောကျကြိုက်နှစ်သက်မယ့် ပုံစံမျိုးပါ။ မြိုတော်ကိုတော့ ပင်လယ်ထဲမှာ အဏ္ဏဝါစွမ်းအင်ဖြင့် လည်ပတ်မှာ ဖြစ်ပြီး အထဲမှာ ဓာတ်ခွဲခန်းများ၊ စာသင်ခန်းများနှင့် လူနေခန်းများ ဖွဲ့စည်းထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

SeaOrbiter လို့ခေါ်တဲ့ ဓာတ်ခွဲခန်းတစ်ခုတည်းမှာတင် အထပ် ၁၂ ထပ်ပါရှိပြီး ယင်းတို့အနက် ခြောက်ထပ်ဟာ ရေအောက်မှာပြီး ပြီးစီးဖို့ ဒေါ်လာ သန်း ၅၀ ကုန်ကျမှာလည်း ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ဒီရေပေါ်မြိုတော်ကို ၂၀၅၀ ခုနှစ်လောက်မှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
