လူ့သွေးကို ကြိုက်နှစ်သက်ကြတဲ့ ပင်လယ်မှဲ့ဂဏန်းများ

//s9.kh1.co/8c/8c6c151843f5781151db9eab26b5a059f582d456.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-မတ်-၂၀၂၃ ၇am · လွန်ခဲ့သော တစ်နှစ် က

လူ့သွေးကို ကြိုက်နှစ်သက်ကြတဲ့ ပင်လယ်မှဲ့ဂဏန်းများ

ပင်လယ်ကမ်းစပ် သဲသောင်ပြင်များမှာ နေထိုင်ကျက်စားတဲ့ မှဲ့ဂဏန်းလေးတွေကို သင်တွေ့ဖူးကြမှာပါ။ သူတို့ကို အင်းဆက်လို့ အများစုက မှားယွင်းစွာ သက်မှတ်ကြပေမယ့် တကယ်တော့ Talitridae မှ သေးငယ်တဲ့ crustacean မျိုးစိတ်များဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=480,q=100/95/952ce1bd17e01e0dcb8c4bc0d6bba2180f815253.png

အဲ့ဒီ ထဲကမှ မျိုးစိတ်ပေါင်းက ၆၀ လောက်ရှိပါတယ်။ အများစုကတော့ မြောက်အမေရိက ကမ်းခြေများမှာ တွေရပြီး အရွယ်အစားအားဖြင့် တစ်လက်မလောက် ရှိကြပါတယ်။ ဒီမှဲ့ဂဏန်းငယ်လေးတွေကို အချို့က သဲကုံး ၊ သဲခွေးလို့လည်း ခေါ်ကြပါတယ်။

https://s9.kh1.co/__image/w=612,h=459,q=100/57/57467c232e012d7147ceffab4b8e19910ecaa3eb.png

သူတို့အားလုံးဟာ သဲထဲမှာ ခုန်ပေါက်ကာ သွားလာနေထိုင်ကြတာဖြစ်လို့ မသိရင် ပုစွန်များနဲ့တောင် ပိုတူလွန်းပါတယ်။သူတို့ကြိုက်နှစ်သက်တာကတော့ အော်ဂဲနစ်နဲ့ ပုပ်နေတဲ့ အပင်တွေအပြင် လူ့သွေးထဲက ပရိုတင်းဓာတ်ကိုပါ အာဟာရအဖြစ် အသုံးပြုကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/19/192cd1b36c45bbd157a81baba6980259cc13ec57.webp

ဒါ ကြောင့် ပင်လယ်ကမ်းခြေကို ရောက်သွားသူတွေရဲ့ ခြေထောက်ကို သူတို့ရဲ့ အစာအဖြစ် တိုက်ခိုက်ကြပါတယ်။ သူတို့ရဲ့ တံတွေးတွေ လူ့ခန္ဓာကိုယ်ထဲရောက်သွားရင်တော့ welts နှင့် ယားယံခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ လူသားတွေအတွက် အန္တရာယ်မရှိပေမယ့် ပင်လယ်ကမ်းခြေကို ရောက်သွားတဲ့အခါ ယားယံခြင်းမဖြစ်အောင် သတိထားဖို့ လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=361,q=100/e0/e0a0e1300583f920fa3ba975578844035310e262.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T