Spirobranchus giganteus လို့လည်းလူသိများတဲ့ ခရစ္စမတ်သစ်ပင်ပိုးဟာ ကာရေဘီယံ၊ အင်ဒို-ပစိဖိတ်နှင့် ပင်လယ်နီတို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ သန္တာကျောက်တန်းများမှာ တွေ့ရလေ့ရှိတဲ့ အဏ္ဏဝါပြွန်သန်ကောင်အမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့ အသွင်အပြင်က မသိရင် ခရစ္စမတ်သစ်ပင်နှင့်တူတာကြောင့် ထူးခြားတဲ့ သတ္တဝါအဖြစ်လည်း လူသိများပါတယ်။


သူတို့ကို အနက်ပေ ၁၀၀ ဝန်းကျင်အထိ နက်တဲ့ရေတိမ်ပိုင်းများမှာ တွေ့ရလေ့ရှိပါတယ်။ အရွယ်ရောက်ပြီးတဲ့ ခရစ္စမတ်သစ်ပင်ပိုးတစ်ကောင်ဆိုရင် ပျမ်းမျှအားဖြင့် အရှည် ၁.၅ လက်မခန့်သာရှိပါတယ်။ ခရစ္စမတ်သစ်ပင်ပိုးများရဲ့ သက်တမ်းက တိတိကျကျဖော်ပြတာတွေမရှိပေမယ့် ၅ နှစ်မှ ၁၀ နှစ်ဝန်းကျင်ရှိနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။


နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ရှိပေမယ့် တကယ်တမ်းတော့ ခရစ္စမတ်သစ်ပင်ပိုးကောင်များဟာ မာကျောကြပါတယ်။ သူတို့ကို သင့်လျော်တဲ့အခြေအနေဖြင့် ချုပ်နှောင်ထားပါက ရှင်သန်နိုင်ကြတယ်လို့ ဆိုပါတယ်။ ခရစ္စမတ်သစ်ပင်ပိုးများကို စီးပွားဖြစ်မွေးမြူဖောက်ကားတွေမရှိပေမယ့် တစ်ခါတစ်ရံ ငါးပြတိုက်တွေမှာတော့ ထည့်သွင်းပြသတာတွေ ရှိပါတယ်။


သတင်း အရင်းအမြစ်៖ Source- simplemost