နာမည်ကျော် Göbekli Tepe ဟာ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ တည်ရှိတဲ့ ရှေးဟောင်း သုတေသန နယ်မြေတစ်ခု ဖြစ်ပါတယ်။ အဆိုပါနေရာကို ၁၉၆၀ ခုနှစ်များမှာ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပေမယ့် ၁၉၉၀ ခုနှစ်အထိ ဒီအတိုင်းပစ်ထားခဲ့တာ ဖြစ်ပါတယ်။


ရှေးဟောင်း သုတေသနပညာရှင်များကတော့ Göbekli Tepe ဟာ ဘီစီ ၁၀,၀၀၀ ဝန်းကျင်မှာ အစောဆုံးတည်ဆောက်ခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး လူသိများတဲ့ ဘုရားကျောင်းအဆောက်အအုံဟု ယုံကြည်ခဲ့ကြပါတယ်။ အဲ့ဒီနေရာမှာ တိရစ္ဆာန်များနှင့် ဒဏ္ဍာရီလာ သတ္တဝါများကို အနုစိတ်လက်ရာများဖြင့် ပုံဖော်ထားတဲ့ တိုင်များနှင့်အတူ စက်ဝိုင်းပုံ၊ စတုဂံပုံ ကျောက်တုံးများစွာ ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီအဆောက်အအုံတွေကို မုဆိုးများက စိုက်ပျိုးရေး မဖွံ့ဖြိုးသေမီ ဒါမှမဟုတ် အခြေချနေထိုင်ခြင်းမရှိသေးခင်မှာ တည်ဆောက်ခဲ့တာလို့လည်း ယုံကြည်ခဲ့ကြပါတယ်။


ဒါပေမယ့် အဆောက်အအုံတည်ဆောက်မှုတွေက တကယ့်ကို ဆန်းပြားပြီး ရှုပ်ထွေးမှုများရှိနေပါတယ်။ Göbekli Tepe ကို တည်ဆောက်သူများဟာ နက္ခတ္တဗေဒန၊ ကြယ်များနှင့် ဂြိုလ်များရဲ့ ရွေ့လျားမှုများကို နက်နဲစွာ နားလည်သဘောပေါက်တယ်ဆိုတာ တိုင်များပေါ်ရှိ ထွင်းထုထားချက်များအရ သိမြင်နိုင်ပါတယ်။ မည်သို့ပင်စေကာမှု Göbekli Tepe ဟာ လူသားတို့ရဲ့ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ အစောပိုင်းဖွံ့ဖြိုးတိုးတက်မှုကို မီးမောင်းထိုးပြတဲ့ အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။

သတင်း အရင်းအမြစ်៖ Source - en.wikipedia