အရောင်အသွေး စုံလင်စွာလှပပြီး ရန်လိုတဲ့ အပြုအမူကြောင့် လူသိများတဲ့ Siamese

//s9.kh1.co/d2/d21f420665277a6710633e1fbc28539f94409d1d.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-မတ်-၂၀၂၃ ၃pm · လွန်ခဲ့သော တစ်နှစ် က

အရောင်အသွေး စုံလင်စွာလှပပြီး ရန်လိုတဲ့ အပြုအမူကြောင့် လူသိများတဲ့ Siamese

ဒီတစ်ခါမှာတော့ ငါးချစ်သူတွေအတွက် တကယ့်ကို လှပဆန်းကျယ်တဲ့ အလှမွေးငါးမျိုးစိတ်တစ်မျိုးကို ဖော်ပြပေးသွားမှာပါ။ ဒါကတော့ Betta splendens လို့လည်း လူသိများတဲ့ Siamese တိုက်ခိုက်ရေးငါးဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီငါးမျိုးစိတ်က ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံအများအပြားမှာ ပေါက်ဖွားတဲ့ ရေချိုငါးမျိုးစိတ်ပါ။ Siamese ငါးတွေဟာ ရှည်လျားတဲ့ ဆူးတောင်များ ၊ ငါးအထီးများရဲ့ ရန်လိုတဲ့ အပြုအမူ နှင့် ဆွဲဆောင်မှုရှိတဲ့ အရောင်အသွေးများကြောင့် လူသိများပါတယ်။  

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

Siamese တိုက်ခိုက်ရေးငါးများကို အများအားဖြင့် လှောင်အိမ်ငယ်များမှာ အလှမွေးမြူထားရှိလေ့ရှိပြီး သူတို့ကို မွေးမြူရင်တော့ ရေအပူချိန် 75-82°F (24-28°C) နှင့် ပုံမှန်ရေပြောင်းလဲမှု၊ စစ်ထုတ်မှုတို့ဖြင့် ကောင်းမွန်တဲ့ ငါးကန်တစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အများအားဖြင့်တော့ Siamese ငါးများဟာ ရေတိမ်၊ ရေဆင်းနှေးကွေးတဲ့ ချောင်းများနှင့် စပါးခင်းများမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ အစာအနေနဲ့  အင်းဆက်ငယ်များ၊ သားလောင်းများနှင့် အခြားကျောရိုးမရှိတဲ့ တိရစ္ဆာန်များကို စားသောက်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - thetimes

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T