ဒီတစ်ခါမှာတော့ လူတော်တော်များများ မတွေ့ဖူးကြတဲ့ ထူးထူးခြားခြား အုန်းပင်မျိုးစိတ်တစ်မျိုးကို ဖော်ပြပေးသွားမှာပါ။ ဒီအုန်းပင်မျိုးစိတ်က Laodicea လို့ခေါ်ပြီး သူက အိန္ဒိယသမုဒ္ဒရာရှိ Seychelles ကျွန်းများမှာသာ ပေါက်ရောက်တဲ့ မူလအုန်းမျိုးစိတ်ဖြစ်ပါတယ်။ တချို့ကတော့ လူသားတွေရဲ့ ဖင်နဲ့တူလို့ သူ့ကို ဖင်အုန်းသီးလို့လည်း ခေါ်ကြသလို တချို့က နှစ်ထပ်အုန်း ၊ ပင်လယ်အုန်းသီးဆိုပြီး အမျိုးမျိုး ခေါ်လေ့ရှိပါတယ်။


အပြင်ပန်းသဏ္ဍာန်က သာမန်အုန်းသီးနဲ့ တူပေမယ့် အတွင်းထဲမှာတော့ ဖင်ပုံသဏ္ဍာန်နဲ့တူပါတယ်။ ပြီးတော့ သူတို့ရဲ့ အရွက်က ပေ ၂၀ အထိကြီးထွားနိုင်တဲ့ ပန်ကာပုံစံဖြစ်လို့ မသိရင် ထန်းရွက်နဲ့တူပါတယ်။ အလေးချိန်အားဖြင့် တစ်လုံးကို ၃၀ ကီလိုဂရမ်း (၆၆ ပေါင်) အထိရှိပါတယ်။ တချို့ပြောဆိုချက်အရဆိုရင် ပင်လယ်အုန်းပင်ဟာ နှစ် ၃၀ ကျော်မှ တစ်ခါပဲသီးတာလို့ ဆိုပါတယ်။


ပင်လယ်အုန်းပင်ရဲ့ အမြင့်က ကျွန်တော်တို့တွေ့ဖူးတဲ့ သာမန် အုန်းပင်နည်းတူ ၃၀ မီတာ ( ပေ ၁၀၀ ) အထိ ပေါက်ရောက်နိုင်ကြပါတယ်။ ပင်လယ်အုန်းပင်ဟာ သာမန်အုန်းပင်နှင့် အဓိကမတူတာကတော့ သူတို့မှာ အထီးနှင့်အမဆိုပြီးရှိပါတယ်။


အဲ့ဒီထဲမှာ အမတွေပဲ အသီးသီးကြတာဖြစ်ပါတယ်။ စိတ်မကောင်းစရာကတော့ ပင်လယ်အုန်းဟာ နေရင်းဒေသဆုံးရှုံးခြင်းနှင့် အဖိုးတန်မျိုးစေ့များ တရားမဝင်ရိတ်သိမ်းခြင်းကြောင့် မျိုးသုဉ်းလုနီးပါးဖြစ်တယ်လို့ ဆိုပါတယ်။ Seychelles ဒေသကလူတွေကတော့ ပင်လယ်အုန်းအစေ့များကို အလှဆင်ပစ္စည်းများကို ဖန်တီးရာမှာ မကြာခဏ ထွင်းထုကာ အသုံးပြုကြပါတယ်။

သတင်း အရင်းအမြစ်៖ Source - wikipedia