အီးလ်မျူး နှင့် ငှက်ကုလားအုတ်တို့ကို သင်ကောင်းကောင်းကြီးတွေ့ဖူးကြမှာပါ။ သူတို့မျိုးစိတ်နှစ်မျိုးလုံးက ratite မျိုးနွယ်ဖြစ်ပြီး ကောင်းစွာပျံသန်းနိုင်တဲ့ ငှက်များဖြစ်ပါတယ်။ ဒါပေမယ့် ဒီမျိုးစိတ်နှစ်ခုစလုံးက တူတယ်လို့ ထင်ရပေမယ့် အချို့သော အဓိကကွာခြားချက်များလည်း ရှိသေးပါတယ်။

(၁) ရုပ်ပိုင်ဆိုင်ရာ အသွင်အပြင်
အီးလ်မျူး ဟာ သြစတြေးလျနိုင်ငံမှဖြစ်ပြီး ငှက်ကုလားအုတ်ပြီးလျှင် ဒုတိယအကြီးဆုံးပါ။ အရပ်က ၅ ပေမှ ၆.၅ ပေခန့်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၉၀ မှ ၁၂၀ ခန့်ရှိပါတယ်။ အရောင်အားဖြင့်တော့ အညိုရောင် ၊ မီးခိုးရောင်၊ အနက်ရောင် အမွေးများရှိပါတယ်။ ပြီးတော့ ပြေးလွှားရာမှာ လိုက်လျောညီထွေရှိတဲ့ ရှည်လျားတဲ့ လည်ပင်းနှင့် ခြေတံများရှိပါတယ်။
ငှက်ကုလားအုတ်များကတော့ အာဖရိကတိုက်မှ ဇာတိဖြစ်ပြီး ငှက်မျိုးစိတ်တွေထဲမှာ အသက်အကြီးဆုံး ငှက်ဖြစ်ပါတယ်။ သူတို့ရဲ့အရပ်ကတော့ ၉ ပေအထိ ကြီးထွားနိုင်ပြီး ကိုယ်အလေးချိန် ပေါင် ၃၂၀ အထိရှိပါတယ်။ အရောင်အားဖြင့်တော့ အနက်ရောင် နှင့် မီးခိုးရောင်များဖြစ်ပါတယ်။ သူတို့မှာလည်း အီးလ်မျူး များနည်းတူ ရှည်လျားတဲ့ လည်ပင်းနှင့်ခြေတံများရှိပါတယ်။


(၂) အပြုအမူ
အီးလ်မျူး နှင့် ငှက်ကုလားအုတ် နှစ်မျိုးစလုံးဟာ အုပ်စုလိုက်နေထိုင်တဲ့ လူမှုဆက်ဆံရေး ကောင်းမွန်တဲ့ ငှက်များဖြစ်ပါတယ်။ ဒါပေမယ့် အီးလ်မျူး ဟာ ကုလားအုတ်ငှက်များထက် အထီးကျန်ဖြစ်ပြီး မျိုးပွားရာသီတွင်သာ တွဲတတ်ကြတာ ဖြစ်ပါတယ်။ ငှက်ကုလားအုတ်များကတော့ ငှက် ၁၀၀ အထိ အုပ်စုဖွဲ့ပြီးနေထိုင်ကြပါတယ်။


(၃) အစားအသောက်
အီးလ်မျူး များကတော့ အပင်များ၊ အင်းဆက်များနှင့် တိရစ္ဆာန်ငယ်များအပါအဝင် အစားအစာအမျိုးမျိုးကို စားသုံးကြပေမယ့် ငှက်ကုလားအုတ်များကတော့ တိရစ္ဆာန်ငယ်များကို စားတတ်ကြောင်း သိကြပေမယ့် အပင်များကို အဓိကအားဖြင့် ကျက်စားကြပါတယ်။


(၄)မျိုးဥ
မျိုးဥထဲမှာတော့ ငှက်ကုလားအုတ်များရဲ့ ဥဟာ အကြီးဆုံးဖြစ်တာကြောင့် အချို့ဆိုရင် အချင်း ၈ လက်မထိရှိနိုင်ကြပါတယ်။အရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။ အီးလ်မျူး ဥများကတော့ ထူးထူးခြားခြား အစိမ်းအရင့်ရောင်ဖြစ်ပြီး အချင်း ၃-၄ လက်မခန့်လောက်ပဲ ရှိပါတယ်။
ဒါ့ကြောင့် အီးလ်မျူး နှင့် ငှက်ကုလားအုတ်များ တို့ဟာ အရွယ်အစားဖြင့် ကြီးမားကြပေမယ့် ရုပ်အသွင်အပြင်၊ အပြုအမူ ၊ အစားအသောက်များ ကွာခြားကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - a-z-animals





