ရှေးခေတ်အီဂျစ်ယဉ်ကျေးမှုနှင့် ဖာရိုဘုရင်များရဲ့ တန်ခိုးအာဏာကို ထင်ဟပ်စေတဲ့ ရုပ်တုကြီး

//s9.kh1.co/62/623463f68ad5778eb18b1683910f2254e1787216.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-မတ်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရှေးခေတ်အီဂျစ်ယဉ်ကျေးမှုနှင့် ဖာရိုဘုရင်များရဲ့ တန်ခိုးအာဏာကို ထင်ဟပ်စေတဲ့ ရုပ်တုကြီး

ကမ္ဘာပေါ်မှာ ရှေးယဉ်ကျေးမှု အမွေအနှစ်တစ်ခုအပါအဝင်ဖြစ်တဲ့ The Great Sphinx of Giza ရုပ်တုဟာ နိုင်းမြစ်အနောက်ဘက် အီဂျစ်နိုင်ငံ၊ Giza ကုန်းပြင်မြင့်ပေါ်မှာ တည်ရှိတဲ့ ကြီးမားတဲ့ ထုံးကျောက်ရုပ်တုဖြစ်ပါတယ်။ ရုပ်တုဟာ ဖာရိုဘုရင် Khafre ကို ကိုယ်စားပြုထားတယ်လို့ ယူဆရသည့် ခြင်္သေ့ကိုယ်နှင့် လူသားရဲ့ ဦးခေါင်းပါသည့် ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ကို သရုပ်ဖော်ထွင်းထုထားတာပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

မှတ်တမ်းတွေအရဆိုရင် The Great Sphinx ကို ဘီစီ ၂၅၀၀ ဝန်းကျင်မှာ ရှေးခေတ် အီဂျစ်နိုင်ငံ တော်ဟောင်းအတွင်း တည်ဆောက်ခဲ့တာလို့ ယုံကြည်ခဲ့ကြပါတယ်။ အမြင့်ပေကတော့ ၆၆ ပေ နှင့် အရှည် ၂၄၀  ပေ ရှည်လျားပြီး ကမ္ဘာ့အကြီးဆုံးနှင့် ရှေးအကျဆုံး ရုပ်တုတော်များထဲမှ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာတော့ ရုပ်တုမှာ နှာခေါင်းနှင့် မုတ်ဆိတ်များ ထူးထူးခြားခြား ပျောက်ဆုံးနေခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီအစိတ်အပိုင်းတချို့ပျောက်ဆုံးနေတာဟာ ၁၄ ရာစုက မွတ်ဆလင် ဘာသာရေးဆရာတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာလို့ဆိုကြသလို ဆောက်လုပ်ရေးလုပ်ငန်းခွင်းအတွင်း မတော်တဆကြောင့် ပျက်စီးသွားတာလို့ သီအိုရီများစွာရှိခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ Great Sphinx ဟာ အီဂျစ်နိုင်ငံရှိ အကျော်ကြားဆုံး ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ရှေးခေတ်အီဂျစ်ယဉ်ကျေးမှုနှင့် ဖာရိုဘုရင်များရဲ့ တန်ခိုးအာဏာရဲ့ သင်္ကေတအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် artnews

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T