ဒီတစ်ခါမှာတော့ လူတော်တော်များများ မမြင်ဖူးသေးတဲ့ ထူးထူးခြားခြား ပြည်ကြီးငါး မျိုးစိတ်တစ်မျိုးကို ဖော်ပြပေးသွားမှာပါ။ ဒါကတော့ ပညာရှင်များ ပထမဆုံး ဂြိုလ်သားမျိုးနွယ်လို့တောင် ထင်ခဲ့တဲ့ Bigfin ပြည်ကြီးငါးဖြစ်ပါတယ်။


Bigfin ပြည်ကြီးငါး (Magnapinna squids) ဟာ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် ရှည်လျားသွယ်လျတဲ့ ပါးမွှေးများကြောင့် လူသိများတဲ့ cephalopod မျိုးဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေက ရေဖိအားတအားများတဲ့ ပင်လယ်နက်ပိုင်းတွေမှာ နေထိုင်ကြတဲ့ ငါးမျိုးဖြစ်ပါတယ်။


ပုံမှန် Bigfin ပြည်ကြီးငါးတစ်ကောင်ဟာ ရွက်ဖျင်များအပါအဝင် အရှည် ၂၆ ပေ (၈ မီတာ) အထိ ကြီးထွားနိုင်စွမ်းရှိပါပြီး အချို့ဆိုရင် ပေ ၄၀ (ရေကူးကန်နှစ်ကန်စာ)လောက်ရှိပါတယ်။ Bigfin ပြည်ကြီးငါးများတဲ့ ထူးခြားချက်ကတော့ ရေထဲမှာ ကူးခတ်ရာမှာ ငှက်တစ်ကောင်လုံး ပျံသန်းပုံနဲ့တူပြီး သူတို့ရဲ့ ပါးမွှေးရှည်များကို ရေကူးခတ်ရာမှာ အသုံးပြုကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်က အရွယ်အစားအရ ကြီးမားတယ်လို့ ပြောလို့ရပေမယ့် မျက်လုံးများက့တော့ တော်တော်လေးသေးငယ်ပါတယ်။ အစာအနေနဲ့ကတော့ ငါးနှင့် crustaceans အပါအဝင် အခြားသော ပင်လယ်ရေနက် သတ္တဝါများတွင် ကျက်စားကြောင်း လူသိများပါတယ်။

သတင်း အရင်းအမြစ်៖ Source - bigfin squid Fact





