အော်ဟစ်သံနှင့် လေချွန်သံများဖြင့် အချင်းချင်း ဆက်သွယ်ကြတဲ့ Hyraxes များ

//s9.kh1.co/21/214087d582f04933d776771fe744d8c01dbb7a8b.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဖေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

အော်ဟစ်သံနှင့် လေချွန်သံများဖြင့် အချင်းချင်း ဆက်သွယ်ကြတဲ့ Hyraxes များ

Hyraxes များဟာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ ပေါက်ဖွားလာသော သေးငယ်တဲ့ နို့တိုက်သတ္တဝါများဖြစ်ပါတယ်။ အများအားဖြင့် သူတို့ကို ကျောက်ယုန်ဟုလည်း လူသိများကြပါတယ်။ သူတို့ရဲ့ ပုံစံက မသိရင် ကြွက် အသွင်းအပြင်နှင့် တူပါတယ်။ ထူးခြားတဲ့ စွမ်းရည်ကတော့ တွယ်ကပ်နိုင်တဲ့ ခွာလို ခြေလေးချောင်းများရှိတာကြောင့် ကျောက်ဆောင်းများနှင့် သစ်ပင်ပေါ်တွေမှာ ကျွမ်းကျင်စွာသွားလာနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်သူတွေဖြစ်လို့ တစ်ကောင်တည်းနေရတာထက် အကောင်ရေ ၅၀ အထိ အုပ်စုဖွဲ့နေကြတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။ တစ်ကောင်နဲ့တစ်ကောင် အချင်းချင်း ဆက်သွယ်ရင်တော့  အော်ဟစ်သံနှင့် လေချွန်သံ စတဲ့ အသံအမျိုးမျိုးဖြင့် အသုံးပြုကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အရွယ်အစားအရ အလွန်သေးငယ်တယ်လို့ ထင်ရပေမယ့် ခက်ခဲတဲ့ အသီးအနှံများကို စာဖို့ သူတို့မှာ အားကောင်းတဲ့ မေးရိုးများနှင့် သွားများရှိပါတယ်။ ထူးခြားတာ တစ်ခုကတော့ အခြားတိရစ္ဆာန်များ အဆိတ်ဖြစ်စေတဲ့ အပင်များကို စားနိုင်ကြပါတယ်။ အာဖရိကယဉ်ကျေးမှုအချို့မှာတော့ ဒီမျိုးစိတ်ဟာ အထွက်အမြတ်ထားတယ်လို့ ယူဆပြီး ရိုးရာရိုးရာပုံပြင်များမှာ အမြဲဖော်ပြကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - africafreak

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T