ကမ္ဘာပေါ်မှာ ဆင်ခြေထောက်ဆိုတဲ့ ရောဂါရှိတယ်ဆိုတာ အားလုံးသိကြပြီးသားဖြစ်မှာပါ။ ဒါပေမယ့်ခုဖော်ပြမယ့် အမျိုးသမီးက ရောဂါထက် တကယ်ကို ဆင်ရဲ့ခြေထောက်ကြီး ပိုင်ဆိုင်ထားသလိုပါပဲ။ သူမနာမည်က Mandy Sellars လို့ခေါ်ပါတယ်။

ဗြိတိန်အမျိုးသမီး Mandy Sellars ရဲ့ခြေထောက်တွေဟာ ရိုးရှင်းစွာနဲ့ ပိုကြီးသထက်ကြီးလာနေတာပါ။ ရှားပါးမျိုးရိုးဗီဇပြောင်းလဲမှုရှိပေမယ့်လည်း Sellars က သူ့ကိုယ်သူ "အချိန်ပိုင်းရုပ်မြင်သံကြားကြယ်ပွင့်" အဖြစ် ဟာသနှောပြီး ဖော်ပြလေ့ရှိပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် သူမဟာ သူမရဲ့ရောဂါကြောင့် မလှုပ်မရှားဖြစ်ပြီး သူမရဲ့ ဒီရောခြေထောက်နှစ်ဖက်စလုံးကို အလွန်အကျွံကြီးထွားမှုဖြစ်စေပါတယ်။


သူ့ရဲ့မွေးရာပါ ရှားပါးမျိုးရိုးဗီဇဟာ အရေပြားတစ်သျှူးတွေပေါ်မှာ ကြီးမားတဲ့ အဖုအထစ်များဖြစ်ပေါ်ကာ အရိုးများ ပုံပျက်ခြင်းနဲ့ အရိုးများထူလာခြင်းတို့ကို ဖြစ်စေတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီရှားပါးတဲ့ ရောဂါလက္ခဏာဟာ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၁၂၀ ထက်မနည်း ရှိကြတယ်လို့ ယူဆထားကြပါတယ်။ Sellar ရဲ့ခြေထောက်တွေဟာ အလွန်ကြီးမားလျက်ရှိတာမို့ အလေးချိန် ၉၅ ကီလိုဂရမ်ရှိပြီး လုံးပတ်မှာ ၁ မီတာရှိပါတယ်။


သတင်း အရင်းအမြစ်៖ aubtu