ဆူမာတြားကျွန်းပေါ်က ကမ္ဘာ့အရှားပါးဆုံး ကျားကြီးများ

//s9.kh1.co/48/4825f5ac83890a7db074d95ebfa1da29357fc956.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဖေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာ့အရှားပါးဆုံး ကျားတင်မဟုတ်ပဲ သူတို့ဟာ.....

ဆန်ဒါကျွန်းကျား (Sumatran ကျား) ဟာ ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး ကျားမျိုးစိတ်ဖြစ်ပြီး အလေးချိန် 140 ကီလိုဂရမ်အထိရှိပါတယ်။ Amur ဒေသမှာ နေထိုင်တဲ့ ကျားတွေဟာ ကြောင်ကြီးမျိုးနွယ်တွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ အဲ့ဒီမှာ နေထိုင်တဲ့ ကျားထီတွေဟာ ဆန်ဒါကျွန်းက ကျားတွေထက် နှစ်ဆကြီးမားပါတယ်။ ဆန်ဒါကျွန်းကျားတွေဟာ အလွန်ရှားပါးကြပါတယ်။ တောရိုင်းထဲမှာ ခန့်မှန်းခြေအရ 600 ခန့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာသာ တွေ့ရှိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/58/584557805a8794bf62bbc7047bab834acace7cec.jpg
https://s9.kh1.co/__image/w=650,h=390,q=100/bf/bf79e992978095c4db67535afb64baa1fd8a1f7d.jpg

၁၉၈၀ ခုနှစ်တွေကတည်းက အရှေ့တောင် အာရှရှိ လူဦးရေဟာ 357 သန်းထိရှိခဲ့ပြီး 2020 ခုနှစ်မှာဆို 668 သန်းဝန်းကျင်ထိရှိလာကာ နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။ ဒီလိုလူဦးရေတိုးလာတာအတွက် နေထိုင်ရာများစွာလိုအပ်လာခဲ့ပြီး ကျားတွေအတွက် နေထိုင်ရာကတော့ ကျဉ်းလာပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/43/43f0e78c97256b23ff010b59cdf069c93bb2149b.jpg
https://s9.kh1.co/__image/w=650,h=433,q=100/34/34f7edd08896008e4584eb64a12fe79cb95df613.jpg

Sunda ကျွန်းဒေသမှာ လူသားများ အခြေချနေထိုင်မှု ကျယ်ပြန့်လာတာနဲ့အမျှ ကျွန်းပေါ်က ကျားတွေဟာ လူသားတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ပိုများလာပါတယ်။ အဲ့ဒီအခါကျ လူသားနဲ့ကျား ပဋိပက္ခတွေ ထပ်မံတိုးလာနိုင်ပါတယ်။ ကျားသားကောင်များ မှောင်ခိုရောင်းဝယ်ခြင်းနဲ့ ကျားအစိတ်အပိုင်းများနဲ့ ထုတ်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းတို့ဟာ သူတို့ရဲ့ ရှင်သန်မှုအတွက် အလွန်စိုးရိမ်ဖွယ် ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/7c/7c36b6d9d0ca6befe99b871298bf6c702e774a93.jpg

သတင်း အရင်းအမြစ် wwf

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T