Bicolor parrotfish ဆိုတဲ့ ရောင်စုံကြက်တူရွေးငါးဟာ ပင်လယ်နီမှာသာတွေ့ရှိရတဲ့မျိုးစိတ်များထဲက တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အလားတူငါးအမျိုးအစားတွေလည်း ဒီပင်ဘယ်နီမှာ နေထိုင်ကြပါတယ်။ သူ့ရဲ့လက်တင်နာမည်ကတော့ Cetoscarus bicolor လို့ခေါ်ပါတယ်။


Bumhead parrotfish လို့လည်း သူ့ကိုခေါ်ပါသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ အမြှီးထိရှိတဲ့ တောက်ပတဲ့ပန်းရောင်ကြောင့် ခုလိုနာမည်ရရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားဟာ ၃၅ လက်မသာရှိပါတယ်။

ဒီပန်းရောင်တောက်တောက် အကြေးခွံတွေနဲ့ ကျယ်ပြန့်တဲ့ ဦးခေါင်းလည်းရှိပါသေးတယ်။ ဒီငါးမှာ တွေ့ရတဲ့ ပြဒါးရောင် အကြေးခွံတွေဟာ အဝါရောင်နဲ့ အစိမ်းရောင်အရိပ်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။ ဒီငါးရဲ့ မျက်လုံးအပြင်ဘက်မှာ လိမ္မော်ရောင် မျဉ်းကြောင်းတစ်ခုလည်းရှိပါသေးတယ်။


သတင်း အရင်းအမြစ်៖ every where wild





