အီတလီနိုင်ငံရဲ့ (၁၉) နှစ်အရွယ် လူငယ်တစ်ဦးဟာ (၇၆) နှစ်အရွယ် အဖွားအိုနဲ့ လက်ထပ်ခဲ့ပြီး လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ထိုအဖွားအိုဟာ ဘီလျံနာတစ်ဦးဖြစ်ပြီး လက်ထပ်ခွင့်တောင်းတဲ့ Video ကိုလည်း လူငယ်က လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ထိုဗွီဒီယိုနဲ့ ပုံတွေဟာ ပရိသတ်တွေကြားမှာ အလျင်အမြန်ပျံ့နှံ့သွားပြီး မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်။ထိုဆယ်ကျော်သက်လေးဟာ လက်ထပ်ခွင့်တောင်းတဲ့ပုံစံဖြစ်တဲ့ ဒူးထောက်ကာ အဖွားအိုကို အနမ်းတွေခြွေနေခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်တွေများစွာ ရရှိခဲ့တဲ့ ထိုဗွီဒီယိုကို ကြည့်ပြီး ပရိသတ်တွေက ထိုအဖွားအိုဟာ သူ့အဖွားဖြစ်တယ်လို့ပြောဆိုမှုတွေရှိကြသလို တစ်ချို့ကလည်း ငွေမက်လို့အခုလို ပြုမူခဲ့တာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့် တစ်ချို့သတင်းတွေအရ သူဟာ ထိုအဖွားအိုကို မြင်မြင်ချင်း ချစ်မိတယ်လို့ ပြောခဲ့တယ်လို့ သိရပြီး သူမကိုမြင်ရတဲ့အခါ လိပ်ပြာလေးတွေကို မြင်ရသလိုခံစားရတယ် လို့ သူ့ရဲ့စေ့စပ်ထားတဲ့ အဖွားကိုအရမ်းချစ်ကြောင်း ပြသခဲ့ပါတယ်။



Photos: Credit