အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းရှာဖွေမှု သမိုင်းမှာ နှစ် ၅၀၀၀ သက်တမ်းရှိတဲ့ ဟိန္ဒူဘုရားကျောင်းကြီး တွေ့ရှိမှုကတော့ ယနေ့တိုင် ထင်ရှားနေဆဲပါ။ ဒီဘုရားကျောင်းရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့တွေ ယနေ့ခေတ်မှာ တွေ့ရတဲ့ ဘုရားကျောင်းတွေလိုမျိုး အနည်းငယ်ကွဲပြားတာ တွေ့ရပါတယ်။

ပြီးတော့ အံ့ဩစရာကောင်းတာက ဘုရားကျောင်းတစ်ခုလုံးကို ကျောက်တုံးကြီး တစ်လုံးတည်းဖြင့် အနုစိတ် သေသေချာချာ ထွင်းထုထားတာပါ။ ထွင်းထုထားတဲ့ ဗိသုကာလက်ရာတွေက သေသပ်လှပနေတာကြောင့် ရှေးယခင်က အိန္ဒိယလူမျိုးတို့ရဲ့ ဗိသုကာလက်ရာ ထွန်းကားခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

Heritage Daily ရဲ့ ဖော်ပြချက်မှာတော့ ဘုရားကျောင်းကို အေဒီ ၈ ရာစုအတွင်း ပန်ဒရာမင်းဆက် Pandaya of Madurai လက်ထက်မှာ ဟိန္ဒူဘာသာရဲ့ အဓိက နတ်ဘုရားများထဲမှ တစ်ခုဖြစ်သည့် ဟိန္ဒူဘုရား Shiva အား အပ်နှံဖို့ ဆောက်လုပ်ခဲ့တာလို့ ဆိုပါတယ်။

ကျောက်တုံးကြီး တစ်တုံးကို ထွင်းထုပြီး အပေါ်ပိုင်းမှာ နတ်ဘုရားများကို ကိုယ်စားပြုတဲ့ တိရစ္ဆာန်မျိုးမျိုးကိုလည်း ထွင်းထုခဲ့တယ်လို့ ဖတ်ရပါတယ်။ လက်ရှိမှာတော့ ဒီဘုရာကျောင်းကြီးက အထင်ကရ ရှေးဟောင်း ဗိသုကာတွေထဲက တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - newschecker





