ရှားပါးပြီး ဆေးဖက်ဝင်တဲ့ နှင်းကြာပန်း

//s9.kh1.co/5d/5dd2f4c86604845ba5c655e16eedddb592c2fe91.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-ဖေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ရှားပါးပြီး ဆေးဖက်ဝင်တဲ့ နှင်းကြာပန်း

ဆေးဖက်ဝင်တဲ့ နှင်းကြာပန်းဟာ ချင်းဟိုင်း-တိဘက်ကုန်းပြင်မြင့်နှင့် အနီးနားရှိ ဒေသများမှာ အဓိကတွေ့ရတဲ့  ရှားပါးမျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ဒီပန်းတွေက ပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၀၀ မှ ၅,၈၀၀ မီတာခန့်ရှိ နှင်းများအထက်ထက် ပြန့်ကျဲနေတဲ့ တောင်ကြောများမှာ ပေါက်ရောက်ကြတာပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီမျိုးပန်းမျိုးစိတ်ဟာ နှစ်ရှည်ပင်ဖြစ်တာကြောင့် သန်မာပေမယ့် ကြီးထွားမှုက တော်တော်နှေးကွေးပါတယ်။ အများအားဖြင့် အစေ့ရဲ့ ၅ ရာခိုင်နှုန်းသာ အညှောက်ပေါက်ကြပြီး အပင်ဖြစ်လာဖို့ ဆိုရင်တော့ ၃ နှစ်မှ ၅ နှစ်အထိ ကြာမြင့်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

နှင်းကြာပန်းကို တိုင်းရင်းဆေးဖော်စပ်တဲ့ သူများက အဖျားပျောက်ဆေး နှင့် အဆိပ်ဖြေဆေးအတွက် အသုံးပြုပါတယ်။ အများအားဖြင့်တော့ rheumatoid arthritis ကို ကုသရာမှာ အသုံးပြုလေ့ရှိပါတယ်။ သူက နာကျင်ကိုက်ခဲမှုကို သက်သာစေပြီး သွေးအားကောင်းစေကာ သားအိမ်ကိုနွေးထွေးစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်အတွက် ကောင်းမွန်သလို အမျိုးသားများကိုလည်း လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို တိုးမြင့်စေပြီး အမျိုးသမီးများကို ရာသီလာချိန်အခက်အခဲများကို ချိန်ညှိပေးနိုင်တယ်လို့ ဆိုတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

တရုတ်ပြည်မှာတော့ နှင်းကြာပန်းက ကုန်သွယ်မှုတွေကြောင့် ခူးယူတာများလွန်းခဲ့လို့ ၂၀၂၀ ကစပြီး ပျောက်ကွယ်သွားပြီလို့ ဆိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရှိ ပူတာအို ရေခဲတောင်တွေမှာလည်း  ရှိပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - en.chinaculture

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T