Nudibranch ဆိုတဲ့ ပင်လယ်မျှော့များကို သင်တွေ့ဖူးပါသလား ။ ဒီပင်လယ်မျှော့က တွေ့ဖူးသမျှ မျှော့တွေထဲမှာ အရောင်အသွေးစုံစုံနဲ့ အလှပဆုံးဖြစ်တဲ့ မျှော့တွေဖြစ်ပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=432,q=100/2d/2d0a99fda14f59b2d591394af1aea12c42b47e9a.jpg)
nudibranch မျိုးစိတ်ပေါင်းက ၃၀၀၀ ကျော်ရှိပြီး အများစုဟာ ရေတိမ်၊ ရေနက် အားလုံးမှာ နေရာမခွဲခြားဘဲ နေထိုင်ကြပါတယ်။ ပြီးတော့ အရွယ်ရောက်ပြီးတဲ့ မျှော့တစ်ကောင်ဟာ တစ်လက်မရဲ့ လေးပုံတစ်ပုံမှ ၁၂ လက်မအထိ ရှည်နိုင်ပြီး အလေးချိန် ၃.၃ ပေါင်အထိ ရှိနိုင်ပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=434,q=100/e8/e8fda7d4916674b5e0a2af78f88caf25ff05036a.webp)
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=434,q=100/86/86575685e4b3b39aa61da0d9cd08bcc0fb5f1157.jpg)
ဒီပင်လယ်မျှော့များမှာ သတိထားမိတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲ့တာက သရေစာများရှာဖွေဖို့အတွက် သူတို့ရဲ့ နေထိုင်ရာနေရာတစ်ဝိုက်မှာ အချိန်ဖြုန်းကြတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီမျှော့တွေရဲ့ အားနည်းချက်ကတော့ ရေထဲမှာ ကောင်းကောင်းကြီး မကူးခတ်နိုင်ကြပါဘူး။ အားသာချက်ကတော့ သူတို့ဟာ အလင်းရောင်နှင့် အရောင်တွေကို ကောင်းကောင်းကြီး ခွဲခြားနိုင်ကြပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=554,h=415,q=100/f2/f2149df7fa86444cd16ffbf42caeda04651dbc29.jpg)
![Photo Credit – From Google](https://s9.kh1.co/__image/w=540,h=361,q=100/00/00156d2bbed74daf281f7bbaf268ef0ad0e8178c.jpg)
တကယ်တော့ Nudibranchs များဟာ hermaphrodites များဖြစ်ကြပါတယ်။ ဆိုလိုတာက သူတို့မှာ အထီးရော အမရော နှစ်ဦးစလုံးမှာ လိင်အင်္ဂါနှစ်ခုလုံးရှိလို့ ဖြစ်ပါတယ်။ မိတ်လိုက်တဲ့ အခါမှာ အမများရဲ့ gametes များကို အထီးများရဲ့ gametes များက သွားရောက်ထိတွေ့တဲ့ နည်းလမ်းကိုပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=366,q=100/5d/5de97e7a4babe589fcf7878db9d20f26652d5989.webp)
ပြီးတော့ သူတို့ဟာ အစာစားတဲ့အခါမှာ အလွန်ဇီဇာကြောင်တတ်တဲ့ သူတွေဖြစ်ပါတယ်။ အများသောအားဖြင့် သန္တာကျောက်တန်းများ၊ ရေမြှုပ်များ၊ anemones နှင့် အခြား ရောင်စုံအစားအစာများကို စားသောက်ကြပါတယ်။
![Photo Credit – From Google](https://s9.kh1.co/__image/w=650,h=434,q=100/f0/f0955943a42e6ca5c95e549591525094daa828fd.webp)
သတင်း အရင်းအမြစ်៖ Source - twinkl.n