ခြေထောက်ပေါင်း ၁၀၀၀ ကျော်ရှိကြတဲ့ ကမ္ဘာ့ခြေထောက်အများဆုံး သတ္တဝါ

//s9.kh1.co/2d/2d8d1b4ff169dccf0aa846341a19e317c4d9fffe.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-ဇန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

သူတို့ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ လောက်ကတည်းက ရှိခဲ့ကြပြီး.......

အရောင်ဖျော့ဖျော့နဲ့ ရထားပိုးကောင်ဟာ ၉၅ မီလီမီတာခန့် ရှည်လျားတဲ့ကိုယ်ထည်ရှိပြီး ခြေထောက်ပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ အင်္ဂလိပ်အခေါ်ကတော့ Millipede ဖြစ်ပြီး လက်တင်ဘာသာစကားအရဆိုရင်တော့ ခြေပေါင်း ၁၀၀၀ ကျော်သတ္တဝါဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/3b/3b5789724b1e7bcce383db779f8d840c3066ffb6.webp

ခုသတ္တဝါကိုတော့ Eumpillies Persephone လို့အမည်ပေးထားပါတယ်။ သူ့ကို ဩစတြေးလျအနောက်ပိုင်းရှိ မိုင်းတွင်းဒေသ တစ်ခုရဲ့ မြေအောက် မီတာ ၆၀ (ပေ ၂၀၀ ခန့်) နီးပါးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကတော့ ရထားပိုးကောင်တွေထဲမှာ ခြေထောက် ၇၅၀ ထက်ပိုတဲ့ အကောင်ကို မတွေ့ခဲ့ဖူးပါဘူး။ ဒါကြောင့်လဲ ခြေထောက်အများဆုံးရှိတဲ့ သတ္တဝါအဖြစ် ‌ကယ်လီဖိုးနီးယာက ခြေထောက်ပေါင်း ၇၅၀ ရှိတဲ့ ရထားပိုကောင်းမျိုးစိတ်တွေဟာ ဂင်းနစ်စံချိန်တင်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=561,q=100/d0/d0d25675dce3dd83fff86638236ee21d1be7435f.jpg

ခု ခြေထောက် ထောင်ကျော်ရှိတဲ့ အကောင်ဟာ တခြားမြေအောက် သတ္တဝါတွေလိုပဲ မျက်လုံးမရှိကြသလို အရောင်လဲမရှိပါဘူး။ သိပ္ပံပညာရှင်တွေကတော့ သူတို့ဟာ မှိုတွေထဲမှာ နေကြတယ်လို့ ကောက်ချက်ချထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/3a/3a37fa88298f533c22ea9fc3c4e02dc014b74a43.jpg

လေ့လာမှုမှာ အရွယ်ရောက်ပြီးသူ အမတစ်ကောင်မှာ ခြေချောင်းပေါင်း ၁၃၀၆ ချောင်း ရှိပြီး အခြားတစ်ကောင်မှာ ၉၉၈ ချောင်း ရှိပါတယ်။ အရွယ်ရောက်ပြီး အထီးနှစ်ကောင်မှာ တစ်ကောင်ဟာ ခြေထောက် ၈၁၈ ချောင်းနှင့် နောက်တစ်ကောင်မှာ ခြေထောက်ပေါင်း ၇၇၈ ချောင်းရှိပါတယ်။ ရထားပိုးကောင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၀၀ က စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ယနေ့ချိန်မှာ မျိုးစိတ်ပေါင်း ၁သောင်း ၃ ထောင်ဝန်းကျင်ရှိပါတယ်။

https://s9.kh1.co/__image/w=507,h=488,q=100/5a/5a0ea7608d33a3f0371f9a59bd2fd78219ad5bad.jpg

သတင်း အရင်းအမြစ် BBC

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T